Ep 4

5.8K 377 0
                                    


Unicode

"အကို!"

"ရိပေါ် မင်းအဆင်ပြေတယ်မလား"

"သတိရလာပြီပေါ့ ကျွန်တော်အဆင်ပြေတယ်"

ရိပေါ်နဲ့ ရှီးချန် က ရှောင်းကျန့်တို့လို တကယ့်ညီအကိုကောင်းတွေပါပဲ။ မိဘတွေဆုံးပြီးကတည်းက ရိပေါ် က အိမ်ကထွက်ပြီး တိုက်ခန်းမှာသွားနေတယ်။ ရှီးချန်ကတော့ မိဘတွေနဲ့အတူနေခဲ့တဲ့ အိမ်မှာပဲနေတယ်။

"အကို မေ့နေတာ သုံးရက်ကျော်ပြီ"

"အင်း ဒေါက်တာလေးပြောပြလို့သိထားတယ်"

"ဒေါက်တာလေး?"

"အင်းလေ အကို့ကို ကုပေးတဲ့သူလေ"

"ရှောင်းကျန့်ဆိုတဲ့ ဒေါက်တာလား"

"အင်း"

ပြောပြီး ငြိမ်ကျသွားကာတွေးနေတဲ့ ရိပေါ် နဲ့ သူ့ကိုအကဲခတ်နေတဲ့ ရှီးချန်

ရိပေါ်မရယ်တာကြာပါပြီ။ ဒါပေမဲ့ အခု ဒေါက်တာ အကြောင်းပြောတော့ ပြုံးသယောင်ယောင်နဲ့။

*ရိပေါ်  မင်းကတော့.....*
................

"ကျဲရေ ကျဲ!"

"ဟဲ့ ငါဒီမှာဘာလို့ကုန်းအော်နေတာလဲ"

အရေးပေါ်ခန်းထဲကိုလာပြီး အတင်းအော်နေတဲ့ ဝမ်နင်ကြောင့် ဝမ်ချင်တစ်ယောက် နာ့စ်ချုပ်ဆီကနေ အအော်မခံရခင် သူ့မောင်ကို ဆွဲခေါ်တော့သည်။

"နင်လည်းလေ မောင်‌ေလးဖြစ်ပြီး အားမကိုးရဘူး ငါ့ကိုအဆူခံရအောင်လုပ်နေတယ်"

"အကိုရှောင်းကျန့် ထိခိုက်သွားလို့ဆို"

"အော် အေး လာ!"

"အမ် ကျဲ!"

မေးတာတစ်ခု ပြောမယ်ဆိုပြီး ခေါ်သွားတာ
တစ်ခု နားမလည်တော့တဲ့ ဝမ်နင်။

"ရော့ အ့ဲမှာ"

ခေါ်လာတဲ့နေရာကကန်တင်း

"ကျဲ နှစ်နာရီတောင်ကျော်ပြီ ကျွန်တော်စားပြီးပါပြီဗျ"

"ဟဲ့ နင်စားပြီးပေမဲ့ ဟိုနှစ်ကောင်ကမပြီးသေးဘူး"

"ဘယ်နှစ်ကောင်.."

သူ့အစ်မပြတဲ့နေရာကိုကြည့်ကာမှ အခုချက်ချင်း မျက်စိရှေ့က စားစရာတွေပျောက်သွားတော့မလိုလိုစားနေတဲ့ ရှောင်းကျန့်နဲ့
ကျိုးချန်

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now