Ep 12

3.8K 252 1
                                    


Unicode

ရိပေါ် တိုက်ခန်းပြန် ရေချိုးကာ အဝတ်အစားလဲပြီး ဆေးရုံကိုထွက်လာခဲ့သည်။

အစ်ကို့အခန်းဆီမရောက်ခင် အခန်းထဲက သူနဲ့ရွယ်တူလိုလို ကောင်လေးတစ်ယောက်ထွက်လာတာတွေ့လိုက်သည်။ သူနာပြုဝတ်စုံနဲ့ပဲ။ အခန်းထဲရောက်တော့ သူ့အစ်ကိုမျက်နှာက ပြုံးရွှင်နေရာက တည်သွား‌ေလသည်။

"ရောက်လာပြီလား"

"အင်း"

"မနေ့က ငါ့ဆီတောင်မလာဘူး"

"ကျန့်ကော နေမကောင်းလို့"

"ဒေါက်တာ နေမကောင်းဘူးလား"

"အင်း ဖျားတာ စိတ်ချရပါပြီ"

"မင်းဝင်ကြည့်ခဲ့သေးတာလား"

"မဟုတ်ဘူး ကျွန်တော် ကိုယ်တိုင် ပြုစုပေးခဲ့တာ"

"မင်း...မင်းက"

"အင်း"

ရိပေါ်ပြောပြတာကိုနားထောင်ပြီး ရှီးချန်တစ်ယောက် နေမကောင်းတဲ့လူကို ဘယ်လိုပြုစုရမှန်းမသိ ပျာယာခတ်နေတဲ့ ရိပေါ်ပုံကိုတောင်မြင်ချင်သွားသည်။
နောက်ဆက်ပြောတဲ့စကားကြောင့်

"ဘာ! မင်းဘာလို့ ဒေါက်တာကိုဆွဲထည့်ရတာလဲ"

"ကျွန်တော်အတွေးတိမ်သွားတာ မှားသွားတယ်"

"မင်းကွာ သူကငါ့ကျေးဇူးရှင်နော်"

"စိတ်ချပါ ကျွန်တော် ရှိနေသ၍အစ်ကို့ ဒေါက်တာမသေပါဘူး"

ရှီးချန်ကတော့ ဘာမှမပြောနိုင်တော့ပေ။တဇွတ်ထိုးလုပ်တတ်တဲ့ ရိပေါ်အကျင့်ကြောင့် နောက်ပြန်လှည့်လို့မရတဲ့ ကိစ္စကိုပြောမနေတော့ပါ။

"ဒါနဲ့ ခုနကလာသွားတာဘယ်သူလဲ"

"ဟမ် ဘယ်...ဘယ်သူ"

"ကျွန်တော့်ရှေ့က ထွက်သွားတဲ့တစ်ယောက်လေ"

"အော် သူလား မုန့်ယောင်တဲ့ ငါ့ကိုကြည့်ပေးနေတဲ့ သူနာပြု"

"အော် မနေ့က ကျွန်တော့်အစားစောင့်ပေးတာသူပေါ့"

"အင်း"

ဒေါက် ဒေါက်

"အော် လူနာရှင်ရောက်နေတာပဲ"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now