Ep 31

2.8K 202 1
                                    

Unicode

စာရေးတာ mood မဝင်ဘူးဖြစ်နေတယ်
အခုနောက်ပိုင်းရေးတာတွေ ပေါ့နေရင်တောင်းပန်ပါတယ်🙏 မကောင်းလည်းဖတ်ပေးကြတဲ့အတွက်အကုန်လုံးကိုကျေးဇူးတင်ပါတယ်
.................

ကျင်းဇီရွှမ်းကို တစ်မြို့လုံးကိုမြေလှန်ပြီးလိုက်ရှာနေရတဲ့ ရိပေါ်နဲ့ ရှီးချန်

နောက်ဆုံးရှာမရတဲ့အတွက် ကျန်းယန်လီကို သုံးပြီး အကွက်ဆင်ဖမ်းဖို့ပဲရှိတော့တယ်

ကျန်းယန်လီက ကျင်းဇီရွှမ်းဆီဖုန်းလှမ်းဆက်တယ် ပထမတစ်ခါမကိုင်ဘူး ဒုတိယတစ်ခါကြတော့ ကိုင်သည့်အတွက် ရိပေါ်တို့ တည်နေရာကိုရှာရသည်

"ယန်လီ မင်းလား"

"အင်း ရှင်ဘယ်မှာလဲ"

"မင်းကိုသူတို့ဆက်ခိုင်းတာလား"

"ရှင်အဖမ်းခံလိုက်ပါ ကျွန်မတောင်းပန်ပါတယ် ရှင်ကအရမ်းတော်တဲ့သူတစ်ယောက်လေ ကျွန်မအတွက်နဲ့ဒီလိုမလုပ်ပါနဲ့"

"နောက်ပြန်လှည့်လို့မရတော့ဘူး ငါတစ်ယောက်ထဲလည်းထွက်မသွားနိုင်ဘူး မင်းကိုပါခေါ်သွားမယ်"

"ကျွန်မလိုက်မှာ မဟုတ်ဘူး"

"ယန်လီ ငါတောင်းပန်ပါတယ် ငါနဲ့လိုက်ခဲ့ပါနော် ငါတို့ဟိုမှာ ပျော်ပျော်ရွှင်ရွှင်နေလို့ရတယ်လေ"

"ကျင်းဇီရွှမ်း ရှင်ကဒီလိုလူမျိုးမဟုတ်ပါဘူး ကျေးဇူးပြုပြီး အဖမ်းခံလိုက်ပါ"

ဖုန်းချသွားသည်

ရတယ် အချိန်လောက်တယ် သူက XXX လမ်းမှာ အခုလိုက်ဖမ်းကြ

ညဘက်ကြီးဖြစ်နေပြီး သဘေင်္ာကလည်း ရောက်တော့မယ် ကျန်းယန်လီကိုပြန်ခေါ်ဖို့မဖြစ်နိုင်တော့ဘူး ဒါပေမဲ့ သူဒီလိုလုပ်ခဲ့သမျှက သူမကြောင့်ပဲလေ သူမမပါပဲမသွားဘူး

ရဲတွေအကုန်ရောက်လာပြီး သဘေင်္ာပေါ်ကတခြားမှောင်ခိုသွားမယ့်လူတွေကိုမိပေမဲ့ ကျင်းဇီရွှမ်းကိုရှာမတွေ့

ရိပေါ်က လိုက်မသွားပေ တစ်ကွက်ကြိုမြင်တာမို့

ကျန်းယန်လီကိုဒီလောက်ချစ်တာ ကျင့်ဝတ်ဖောက်ဖျက်ရလောက်အောင် အထိသူ့အတွက်အရေးကြီးတယ် ဒီအတိုင်းထားခဲ့မှာမဟုတ်ဘူး

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now