Ep 25

3K 215 0
                                    


Unicode

ရိပေါ် အခု ကျန်းယန်လီကိုသွားတွေ့မယ့်လမ်းမှာ ကားမောင်းနေရင်း ကျန့်ကောဆီက ဖုန်းလာလို့ကိုင်လိုက်တော့

"ကော ဘာဖြစ်လို့လဲ"

"အွမ်း ဟို ပျင်းလို့"

"အော် အဲ့တော့"

"ဘာကိုအဲ့တော့လည်း ပျင်းလို့ မင်းဆီဖုန်းဆက်တာလေ"

"အင်း ကျွန်တော်ဘာလုပ်ပေးရမလဲ"

"ဒီအတိုင်းစကားပြောမယ်လေ"

"ကျွန်တော့်ကိုအဖြေပေးမှာလား"

"ဒီ..ငါမပေးဘဲနေလိုက်မှာနော် တော်ပြီ မပြောတော့ဘူး ဟွန့်"

ဖုန်းချသွားတဲ့ ကလေးကြီး‌ေကြာင့် ရိပေါ်ရယ်လိုက်မိသည်
ဖုန်းဆက်တိုင်း အဖြေတောင်းနေတာကြောင့် ယုန်ပေါက်တင်းနေပုံရသည်

ယုန်ပေါက် ဆိုတာရိပေါ်ရဲ့ ရင်ထဲက ရှောင်းကျန့်ကို ခေါ်တဲ့အမည်လေး ချစ်ဖို့ကောင်းလို့ ပေးထားတာ ရှေ့မှာတော့မခေါ်ရဲပေ အဖြေမရသေးခင် အထိုးခံနေရမယ်

အခုတော့ ကျန်းယန်လီကို သွားတွေ့ဦးမယ် ပြန်မှချော့ရဦးမှာပေါ့

ကျန်းယန်လီတွေ့ဖို့ချိန်းတာက မြို့ပြင်နားက အိမ်တစ်ခုမှာ သူ့အဖေမသိအောင် သူနဲ့တွေ့ခြင်း အသိပေးစရာလား သိရင် ဘယ်တွေ့ခိုင်းပါ့မလဲ

ဒါပေမဲ့လည်း စာနဲ့ပို့ခြင်းသာ ဖုန်းနဲ့မပြောဖူးပေထောင်ချောက်ဖြစ်နိုင်တာကြောင့် သတိထားရမည်

ဒီအကြောင်းကိုသိတာ သူ့အစ်ကိုနဲ့ အဖွဲ့မှူး နှစ်ယောက်ပဲရှိတာ

နောက်တော့ ချိန်းတဲ့နေရာကိုရောက်လာပါပြီ လူလည်းမရှိတဲ့ အိမ်ကြီးတစ်ခု ခြံနဲ့ဝင်းနဲ့ကာထားတာ မိန်းကလေးတစ်ယောက်က ဒီလိုနေရာမှာ ချိန်းတယ်ဆိုတော့ သူလည်းရိုးပုံမရဘူး

ရိပေါ် မသကင်္ာတော့လို့ ပြန်လှည့်မလို့ရှိသေး
တံခါးဖွင့်သံကြောင့် ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက် အထဲကထွက်လာသည်

*သူလား ကျန်းယန်လီဆိုတာ*

တစ်မြို့လုံးက ယောကျာ်းတွေရဲ့ အိပ်မက်ဇနီးဖြစ်တဲ့ သူကို ရိပေါ်မသိတာမဆန်းပါဘူး သူကိုက အလုပ်ပဲဖိလုပ်တာလေ

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now