Ep 14

3.3K 217 0
                                    


Unicode

ရှောင်းကျန့် ဆေးရုံရောက်နေတယ်ဆိုတာနဲ့ တန်းရောက်ချလာတဲ့ ရိပေါ်ကို ကျိုးချန်က မျက်စောင်းတထိုးထိုးနဲ့။ စစ်ကျွေးကတော့ ဘယ်ဘဝကတည်းက ငတ်လာတယ်မသိ အတင်းကိုပါးစပ်ထဲထည့်နေတော့တာပဲ။

"ငါ့လက်ရာ အဲ့လောက်ကောင်းလား စစ်ကျွေး"

"ဒါ....ဒါပေါ့"

ပလုပ်ပလောင်းနဲ့ စကားမနည်းပြောနေရတဲ့
ဂျူနီယာလေး။
ကျိုးချန်က မျက်စောင်းသာထိုးနေတာ လက်ကတော့ ဇွန်းကို မချဘူး။

"ကျိုးချန် မျက်လုံးကြီးလည်းဆွေသွားပါဦးမယ်"

ရှောင်းကျန့်ပြောတာကို ကျိုးချန်က ပါးစပ်ကမအားတာ တစ်မျိုး မျက်လုံးကမအားတာတစ်မျိုး လက်က ဒုန်းခနဲစားပွဲကို ထုလိုက်တော့ ဘေးနားက စစ်ကျွေး သီးသွားလေသည်။

"ဟဲ့! အော် စစ်ကျွေး ရရဲ့လား"

ရှောင်းကျန့်က ကျိုးချန်မစောင့်ဘဲ အရင်စားမယ်ထင်နေတာ။ ဒီပြန်ရောက်တော့ စစ်ကျွေးက  သူ့ဘေးနားမှာ စိတ်ပျက်လက်ပျက်ထိုင်နေတယ်။ မေးကြည့်ကာမှ ဝမ်ချင်မလာမချင်းမစားရဘူးဆိုလို့တဲ့။

အခုဝမ်ချင်နဲ့ အတူစားနေတာ။ စစ်ကျွေးသီးသွားလို့ ဝမ်ချင်က သုတ်ပေးနေတယ်။
စစ်ကျွေးက ဝမ်နင်ထက်ငယ်ပြီးတော့ လူကောင်းလေးမို့လို့ ဝမ်ချင်က အစ်မတစ်ယောက်လိုပဲ ဂရုစိုက်နေကြ အခုတော့ ကျိုးချန်ရဲ့ မျက်လုံးက ရိပေါ်ဆီမှာ မဟုတ်တော့ပဲ
စစ်ကျွေးဆီရောက်နေပြီ..

(ဂျယ်လီတွေနင်နေပြီ🙄)

ရိပေါ်ကတော့ ရှောင်းကျန့်လက်ရာကိုတစ်ဇွန်းစားပြီးတော့ ခပ်တည်တည်ပဲ ဘာမှထူးထူးဆန်းဆန်းမပြဘူး။ မျှော်လင့်နေတဲ့ ရှောင်းကျန့်တောင် နည်းနည်းဆူပုပ်ပုပ်ဖြစ်သွားတယ်။

"ရိပေါ် မင်းမကြိုက်ဘူးလား"

ရှောင်းကျန့် မေးတော့ ရိပေါ်က

"ဘယ်သူပြောလဲ မကြိုက်ဘူးလို့"

"မသိဘူးလေ မင်းက ရုပ်တည်ကြီးနဲ့ဆိုတော့"

"ကျွန်တော် နဂိုကတည်းက အဲ့အတိုင်းပဲ"

"အိုက်ယား.... ရိပေါ် ငါ့ကိုစိတ်ဆိုးနေတာလား ငါက အလုပ်မလုပ်ရရင် မနေတတ်လို့ပါ"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now