Ep 5

5.1K 357 5
                                    


Unicode

"နင် ဒီတစ်သက်မမျှော်လင့်နဲ့တော့"

"ဟမ် ဘာလို့"

"သူက မိန်းမတွေဆိုလုံးဝစိတ်မဝင်စားတဲ့သူ"

"ဟင် သူက gay နေတာလား အမ"

"အင်းလေ ....ဟဲ့ ဘာတွေလျှောက်ပြောနေတာလဲ"

"မိန်းမတွေကို စိတ်မဝင်စားဘူးဆို ယောကျာ်းတွေကြိုက်တာလားလို့"

"နင်လည်း ဖူဂျိုရှီရောဂါ အခုထိမပျောက်နိုင်ဘူး။ ငါနဲ့သိတဲ့လူတွေအကုန်ဘာဖြစ်နေကြမှန်းကိုမသိဘူး"
.............

"ခင်ဗျား..အဲ ကျန့်ကော ဖုန်းနံပါတ်ပေး"

"ဘာလို့"

"ရင်းရင်းနှီးနှီးနေမယ်ဆို"

"အော် ဟုတ်သား ဒီမှာ"

နှစ်ယောက်လုံး ဖုန်းနံပါတ်ပေးလိုက်ကြသည်။

ရှောင်းကျန့်က ရိပေါ်နံပါတ်ကို ဝမ်ရိပေါ် လို့မှတ်တော့။

"နာမည်ကြီးမှတ်မလို့လား"

"မင်းဖုန်းကို မင်းနာမည်မမှတ်လို့ ကိုယ်က ဘယ်လိုမှတ်ရမလဲ"

ရိပေါ်က ရှောင်းကျန့်ဖုန်းကိုယူကာ နာမည်ပြောင်းမှတ်လိုက်သည်။

"ရော့ အခုမကြည့်နဲ့ နောက်မှကြည့်"

"အမ်....အင်း"

"ဒါဆိုကျွန်တော်သွားပြီ"

"အင်း ဖြေးဖြေးသွား ပြေးမနေနဲ့ဦး"

ကျိုးချန်ပြောလည်းပြောချင်စရာ ကြည့်လိုက်ရင် အမြဲပြေးနေတာမို့ ပြောလိုက်ပြီး လူနာကြည့်ဖို့ထွက်လာခဲ့သည်။

"ဟဲ့ ဝမ်ချင်"

"အင်း ပြော"

"နင် ရိပေါ်နဲ့ဘယ်လိုသိတာလဲ"

"ဟိုးအရင်ကတည်းက သိတာ"

"ဘယ်လိုလဲလို့"

"ရိပေါ်နဲ့ဝမ်နင်က ကျောင်းအတူတူပဲ တစ်ခန်းထဲဆိုတော့ ၁၀ နှစ်သားလောက်ကတည်းကလား
မသိဘူး။ ငါတို့အိမ်ကိုလာနေကြ"

"အော် သူ့မိဘတွေ ဘယ်လိုဆုံးသွားတာလဲ"

"သူ အသက် ၂၀ လောက်မှာကား‌ေမှာက်ပြီးဆုံးသွားတာ အဲ့ကတည်းက ရိပေါ်က အိမ်ကထွက်လာပြီး တိုက်ခန်းနဲ့နေတာ"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now