Ep 37

2.9K 189 0
                                    

Unicode

စစ်ကျွေးကတော့ ဘာမှမသိ နဂိုကတည်းက စာပဲကြိုးစားတဲ့လူ မိသားစုကပြဿနာခဏခဏတက်တော့ သူလည်းအိမ်ကထွက်လာပြီး အဆောင်မှာနေကာ ဆေးကျောင်းရအောင်တက်ပြီး အခုလက်တွေ့ဆေးကုနေတုန်းပေ

ရှောင်းကျန့်ရော ဝမ်ချင်ရောက စစ်ကျွေးကို အရမ်းဂရုစိုက်သည် ကျိုးချန်ကတော့ လုပ်တတ်အောင်ဆိုပြီး လူနာတွေတော်တော်များများကြည့်ခိုင်းသည် သူကလဲပညာလိုချင်တဲ့လူဆိုတော့ ခိုင်းသမျှအကုန်လုပ် မသိတာရှိရင်မှတ် ဘဝက ဒါပဲ

"အစ်ကို ဆေးရုံဆင်းတော့မှာမလား"

"အင်း ဟုတ်တယ် အိမ်မှာပျင်းစရာကြီး ငါတစ်ယောက်ထဲ ဆေးရုံအနံ့မကြိုက်လို့သာ မဟုတ်ရင် မင်းနဲ့မခွဲချင်ဘူး"

"ဟားဟား ကျွန်တော့်ကိုအဲ့လောက်ခင်တာလား အစ်ကိုဝမ်နင်"

"ခင်တာမဟုတ်ဘူး ချစ်တာ"

"ဗျာ"

"အော် ညီလေးတစ်ယောက်လိုချစ်တာလို့"

"အော် ဟုတ် အစ်ကိုပျင်းရင် ကျွန်တော်လာနေပေးမယ်လေ"

"ဟင် တစ်ကယ်လား"

"အွမ်း အစ်ကို့ခြေထောက်ကောင်းသေးတာမဟုတ်ဘူး တစ်ခုခုလိုရင် ကျွန်တော့်ကိုဖုန်းဆက်လိုက် လာလုပ်ပေးမယ်"

"နေပါစေကွာ မျန်မျန်ရှိပါတယ်"

"အစ်မမျန်မျန်က မိန်းကလေးလေ အဆင်ပြေမှာမဟုတ်ဘူး အစ်ကိုတို့ကတွေ့တာနဲ့ ကိုက်နေကြတာ ကျွန်တော်ကယောကျာ်းလေးဆိုတော့ ပိုအဆင်ပြေတာပေါ့"

"အွမ်း ယောကျာ်းလေးဆိုတော့ပိုကောင်းတာပေါ့"

အိမ်ကိုလာရင်ပြန်လွှတ်မည့်အစီအစဥ်မရှိသော ဝမ်နင်မှာ မိမိအတွေးနဲ့မိမိ သာယာနေတော့သည်

.............

Date ဆိုပြီးအိပ်နေလို့မဖြစ်သေးပါဘူး ဝမ်ရိပေါ်တို့ အောက်မရောက်ရေးအတွက် ကျန့်ကောမနိုးအောင် ကုန်းရုန်းထကာ လည်ပတ်ဖို့ပြင်ဆင်ရသည်

"ကော ထတော့ ကျွန်တော်တို့လျှောက်လည်မယ်လေ"

"အွမ်း...အင်း....ထမယ်"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now