Ep 16

3.1K 229 1
                                    


Unicode

ကားထဲမှာ ရှောင်းကျန့်ဘာမှန်းမသိ အသာရယ်နေတာကို ရိပေါ်ကြည့်ပြီး

"ကော ဘာတွေရယ်စရာရှိနေလို့လဲ ဒီလောက်ပြဿနာတက်နေတာကို"

"ဟင် ဘာ...ဘာမှမဟုတ်ဘူး"

"ဘာလဲလို့...ကော"

"ဘာမှမဟုတ်ဘူး ရိပေါ်အိမ်ကျော်သွားတော့မယ် ကြည့်ဦး"

အိမ်ရှေ့ရောက်ပြီး ရှောင်းကျန့်အထဲဝင်သွားတဲ့အထိ ရိပေါ်ကြည့်ပြီးမှ ပြန်လာခဲ့တယ် သေချာပေါက် နားဖို့လည်း ပြောခဲ့တာပေါ့

ရှောင်းကျန့် တံခါးပိတ်ပြီး အထဲကိုအလှည့်မှာ
မြင်လိုက်ရတာက လန့်သွားစေသည်။
အိမ်တစ်ခုလုံးရှုပ်ပွနေတာပဲဖြစ်သည်။
တစ်ယောက်ယောက်ဝင်မွှေထားတာ သူမနက်ကပဲ အားလုံးကိုရှင်းထားတာလေ။ မြန်မြန် ရိပေါ်ကို ဖုန်းဆက်ဖို့လုပ်တော့ ရေချိုးခန်းထဲက အသံကြားတာကြောင့် ဖြေးဖြေးချင်းသွားကြည့်ပြီး ရေချိုးခန်းတံခါးဖွင့်ဖို့အလုပ် ခေါင်းတစ်ခုလုံး မူးသွားကာ လဲကျသွားရသည်။

ရိပေါ်ကားမောင်းနေရင်းက စိတ်ထဲတစ်မျိုးကြီးမို့ ရှောင်းကျန့် အိမ်မှာဘဲအတူစောင့်နေပေးရင် ကောင်းမယ်ဆိုပြီး ကားပြန်အလှည့် ဖုန်းလာတာကြောင့် ကြည့်လိုက်တော့ ကျန့်ကော..

"ဟယ်လို ကျန့်ကော"

"ရိပေါ်! ငါ..တီ.."

ဖုန်းကျသွားပြီ ကျန့်ကောအသံက အားမရှိသလို ကြောက်လန့်ပြီး တုန်နေသည်။
ရိပေါ် ကားကိုအရှိန်တင်ကာ အသားကုန်မောင်းတော့သည်။

ရှောင်းကျန့် ခေါင်းကမူးနောက်ပြီး လဲကျသွားပေမဲ့ ပြန်ထနိုင်သေးတယ် နောက်ကျောက နာတာကိုခံစားမိတော့ တစ်ယောက်ယောက်ရိုက်လိုက်တာထင်သည်။ လက်ထဲကဖုန်းနဲ့ ရိပေါ်ဆီကို ဆက်ကာမှ သူ့လက်ထဲကဖုန်းကိုအလုခံလိုက်ရပြီး အနက်ရောင်ဝတ်စုံနဲ့လူက ခြေထောက်နဲ့တက်နင်းပစ်လိုက်တော့ ဖုန်းကသုံးရတော့မည်မဟုတ်။

ဂုတ်မှာ တက်တူးနဲ့ သေချာတာပေါ့သူပဲဆိုတာ မထင်ထားတဲ့အချိန်မှာ အလစ်တိုက်တာ ငါ့အိမ်ကိုဘယ်ကတည်းက ဝင်ထွက်နိုင်နေတာလဲ။

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now