Ep 7

4.7K 316 5
                                    


Unicode

"ရိပေါ် နင့်အကိုကို လာတွေ့တာလား"

"အင်း ဆေးရုံဆင်းချင်တယ်ဆိုလို့ ဒေါက်တာရဲ့ခွင့်ပြုချက်လာတောင်းတာ"

"အော် လက်စသတ်တော့ ရှောင်းကျန့်ကိုလာတွေ့တာကို"

"အင်း"

"သူမရောက်သေးဘူးထင်တယ် ခဏ ငါဖုန်းဆက်ကြည့်မယ်"

"နေတော့ အစ်မ ကျွန်တော်ပဲဆက်လိုက်မယ်"

"သူ့ဖုန်းနံပါတ် သိလို့လား"

"အင်း"

ရှောင်းကျန့်ညက တော်တော်နောက်ကျမှအိပ်ပျော်သွားတယ်။ ခါတိုင်းဆို ဆေးရုံမှာပဲ အိပ်နေကြဆိုတော့ အိမ်ကို မနက်ပိုင်း အဝတ်အစားပြန်လဲတာပဲရှိတာ ကျန်တဲ့အချိန် ယောင်လို့တောင် အိမ်မပြန်ဘူး။
‌ေဆးရုံနား‌ေနခန်းက တစ်‌ေယာက်အိပ်ကုတင်ပေါ်မှာပဲအိပ်နေကြဆိုတော့ အိပ်ရာကျယ်ကျယ်ပေါ်မှာအိပ်ရတာ အသားမကျဖြစ်နေတာ လက်ကလည်းနာ‌ေန‌တော့ ‌တော်တော်နောက်ကျမှ အိပ်ပျော်သွားတယ်။

ရိပေါ်ဖုန်းဆက်နေတာ မကိုင်တော့ စံု‌ေထာက်ပီသစွာ (‌ေနာက်ပိုင်း‌ေတွကိုစံု‌ေထာက်လို့ပဲသံုးပါတော့မယ်နော်) ခေါင်းထဲတွင် သံသယများစွာနဲ့

*ညတုန်းက ဝမ်နင်ပြန်သွားပြီးတော့ ဟိုလူရောက်လာတာများလား*

"မဖြစ်ဘူး!"

အော်ပြီးတော့ ပြေးထွက်သွားတဲ့ရိပေါ်

"ဟဲ့ ရိပေါ်! ရှောင်းကျန့်ဘာဖြစ်လို့လဲ!"

ပြောတာမကြားပေ

ဝမ်ချင် ကျိုးချန်ဆီဖုန်းတန်းဆက်တော့သည်။

"ဟယ်လို"

"ကျိုးချန် ရှောင်းကျန့်ဘာဖြစ်လဲမသိဘူး"

"ဟမ် သူဘာဖြစ်လို့လဲ"

"မသိဘူး ရိပေါ် သူ့ကိုဖုန်းဆက်တာ ပြီးတော့
မဖြစ်ဘူးဆိုပြီး ပြေးထွက်သွားတယ်"

"ဘာ!"

ကျိုးချန် စားလက်စ ထမင်းကိုတောင်ပြီးအောင် မမျိုနိုင်ရှာ အမြန်ကားမောင်းပြီး ရှောင်းကျန့်အိမ်ဆီသွားတော့သည်။

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now