Ep 10

4.1K 272 4
                                    


Unicode

"ရိပေါ်! မင်း...."

"ကော ဒီမှာဘာလုပ်နေတာလဲ!"

"အမ် သူကငါနဲ့ပြောစရာရှိတယ်ဆိုလို့.."

"ဘာပြောစရာလဲ!"

ကျင်းဇီရွှမ်းကိုမေးလိုက်ခြင်းဖြစ်သည်။ ဝမ်နင်ကတော့ ဘေးကနေ အသာရပ်နေသည်။

"ကျွန်တော်ပြောပြီးသားလေ ဒီအမှုကိုကျွန်တော်လိုက်မယ်ဆိုရင် အမှုနဲ့ပတ်သက်ပြီး သိထားရမှာပေါ့ ဒီကဒေါက်တာက တရားခံကိုမြင်လိုက်တယ်ဆိုလို့ လာမေးတာ"

"ကျွန်တော် အဖွဲ့မှူးကိုပြောပြီးသား ဒီအမှုကို ခင်ဗျားဝင်ပါစရာမလိုဘူး"

"အထက်က ငါ့ကို ဒီအမှုကိုင်ခိုင်းထားတာ"

"ခင်ဗျားအထက်ကိုပြန်ပြောလိုက် ဒီအမှုကို ကျွန်တော်တို့ပဲလိုက်မယ်လို့"

"အမိန့်ကိုနာမခံချင်တာလား"

"......."

"မင်းသိပြီးသားဖြစ်မှာပါ ငါနဲ့တွဲလုပ်ချင်လုပ် မလုပ်ချင် အမှုကို ငါ့ကိုပေးရမယ်"

"ဘယ်သူ့သဘောနဲ့လဲ ဒါကျွန်တော်တို့အမှုဗျ!"

ဝမ်နင်ပြောလိုက်ခြင်းဖြစ်သည်။

"မင်းတို့အမှုဆိုပေမဲ့ လိုက်နေတာနှစ်လလောက်ရှိနေပြီ တရားခံမမိသေးဘူးမလား"

"........"

"ငါအခုပြန်သွားရင် အထက်ကိုတင်ပြလိုက်မယ် ဒီအမှု ငါ့ကိုလွှဲပေးဖို့"

"ကျွန်တော်ခွင့်ပြုမယ်ထင်နေလား"

"မင်းခွင့်ပြုချက်မလိုပါဘူး"

"ဟက် ခင်ဗျားကျွန်တော့်ကို အထင်မသေးနဲ့ ဒီကိုလာတဲ့အကြောင်းအရင်းကိုကျွန်တော်သိတယ်"

"မျက်မြင်သက်သေကို စုံထောက်က လာမေးမြန်းတာလေ"

"မဟုတ်ဘူး ခင်ဗျား ဘယ်လိုပတ်သက်နေလဲတော့မသိပေမဲ့ တစ်ခုတော့သေချာပြောနိုင်တယ် ဒီကော်ဖီထဲအဆိပ်ရှိတယ်မလား"

"ဟမ်!"

ရှောင်းကျန့် လန့်သွားသည်။

*အဆိပ်တဲ့လား*

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now