Ep 3

6.4K 402 0
                                    


Unicode

ရိပေါ် တို့အလောင်းတွေ့တယ်ဆိုတဲ့နေရာရောက်တော့

"ဒီအကျင်္ ီက အဲ့လူနဲ့တူတူပဲ"

"ရုပ်ဖျက်ဖို့ လူသတ်သွားတာလား"

"သူကနေရာတိုင်းမှာရှိနိုင်တယ်"

"မင်းအကို သတိရလာဖို့ပဲမျှော်လင့်ရမယ်"

"ဝမ်နင် ငါသွားလိုက်ဦးမယ် ဆေးရုံကို"
....................

ဆေးရုံကိုရောက်တော့ အကိုရှိတဲ့ အထူးလူနာဆောင်ဘက်သွားလိုက်တယ်။ တာဝန်ခံဆရာဝန်ဆိုတဲ့ အကိုကိုလည်း ဝင်တွေ့ရဦးမှာပေါ့။

ဟိုရောက်တော့ အကို့လူနာဆောင်တံခါးကပွင့်နေတယ်။ အထဲကလူတစ်ယောက်ပြေးထွက်လာတော့ လက်ထဲမှာလည်းဓားနဲ့

*ဟင် ဂုတ် ဂုတ်မှာ*

ရိပေါ်နဲ့ အဲ့လူနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တွန်းကာ ထွက်ပြေးသွားတော့တယ်။

အခန်းထဲက ရှောင်းကျန့်က ခုန သူ့ကိုထိုးဖို့ပြေးလာတော့ ရှောင်လိုက်ပေမဲ့ အမြန်‌ေပြးလာတာမို့ လက်ကိုထိသွားသည်။

"ခင်ဗျား အဆင်ပြေရဲ့လား"

"ပြေတယ် သူ့နောက်လိုက် မြန်မြန်!"

ရိပေါ် ထကာ အမြန်လိုက်တော့သည်။

ကန်တင်းမှာစောင့်နေတဲ့ ကျိုးချန်က
ရှောင်းကျန့်မလာလို့ လိုက်ရှာတုန်း အထူးလူနာဆောင်က ပြေးထွက်သွားတဲ့ရိပေါ်ကိုမြင်လိုက်တော့

"ရှောင်းကျန့်!"

ဆေးရုံအောက်ထိလိုက်ပေမဲ့ ကားလမ်းဖြတ်ကူးသွားတာကြောင့် ကားတစ်စီးအဖြတ်မှာ ပျောက်သွားခဲ့သည်။

"တောက်ခ်"

ရိပေါ် ဒေါသဆောင့်တက်နေသည်။
လိုက်ဖို့မဖြစ်နိုင်တော့တာကြောင့် ဆေးရုံထဲသာပြန်ဝင်လိုက်တော့သည်။

.....................

ရှောင်းကျန့်လက်ကိုဆေးထည့်ပေးနေတဲ့
ကျိုးချန် ပါးစပ်ကလည်း ပွစိပွစိနဲ့

"ထမင်းစားချိန် ထမင်းမစားဘဲ လူနာသွားကြည့်လိုက်ရသေးတယ်။ ငါပြောပါတယ် မင်းဒီလိုပုံနဲ့တစ်နေ့နေ့တော့ တစ်ခုခုဖြစ်မယ်လို့"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now