Ep 15

3.3K 218 2
                                    


Unicode

ဝမ်နင်ဆီကို ဖုန်းဆက်လာတာက သူတို့စခန်းက ရဲတစ်ယောက် စခန်းကို လူတစ်ယောက်ဖုန်းဆက်ပြီး TUဆေးရုံဘေးမှာ အလောင်းတွေ့တယ်လို့တိုင်တာ။

ဝမ်နင်ပြောပြီးပြီးချင်း ရိပေါ်နဲ့အတူထွက်သွားတယ်။ ရှောင်းကျန့်က လိုက်မလို့လုပ်တော့
ကျိုးချန်က ဆွဲထားပြီး

"မသွားနဲ့ မင်းဘယ်တော့ အသတ်ခံရမလဲမသိတာ အဲ့နေရာကိုသွားစရာလား"

ကျိုးချန် ဒေါသထွက်နေမှန်းသိတာမို့
ရှောင်းကျန့် ငြိမ်နေလိုက်တော့သည်။

ကျိုးချန်က အပေါက်သာဆိုးတာ သူ့ညီထိရင်
မခံမှန်း အကုန်သိတယ်။ ခက်တာက ဒါကို
ရိပေါ်မသိသလို ရှောင်းကျန့်ကလဲ နားမလည်ဘူး ကျိုးချန်စိတ်ကို

ဖုန်းရပြီးပြီးချင်း ဝမ်နင်ကို ဖုန်းလှမ်းဆက်တာကြောင့် သူတို့နှစ်ယောက်က အရင်ရောက်သွားသည်။ ဆေးရုံဘေးဆိုတာ ကားပါကင်က ကားထွက်တဲ့ လမ်းကြောင်းနားမှာ အမှိုက်ပုံးတွေထားတဲ့နေရာနားလောက်မှာ အမှိုက်လာပစ်ရင်းနဲ့ တွေ့တယ်လို့ပြောတယ်။

ရိပေါ်နဲ့ ဝမ်နင်ရောက်တော့ အမျိုးသမီးတစ်ယောက်က တုန်ယင်နေပြီး အလောင်းကိုထိဖို့လုပ်နေတယ်။

"ဟေ့ ရပ်လိုက်"

ဝမ်နင်အော်လိုက်တော့ သူက သူတို့နှစ်ယောက်ဆီ ပြေးလာပြီး အကူအညီတောင်းတယ်။

"ဟိုမှာ လူ..လူသေနေတာထင်တယ် လုပ်ကြပါဦး"

လန့်နေတဲ့ အမျိုးသမီးကို ဝမ်နင်က စိတ်လျှော့ဖို့ ပြောနေတဲ့ အချိန် ရိပေါ်က လဲနေတဲ့ လူနားကို ရောက်နေပြီ။

လည်ပင်းက သွေးကြောကို စမ်းကြည့်ကာမှ ရိပေါ် သက်ပြင်းတစ်ချက်ချလိုက်မိတယ်။

"ဝမ်နင် မသေသေးဘူး"

"ဟင်"

အမျိုးသမီးက အံ့ြသနေတဲ့ပုံ

"အသက်ရှင်နေသေးတယ် သူ့ခေါင်းအရိုက်ခံထားရတဲ့ ပုံပဲ ငါ့ကိုလာကူဦး"

ထိုလူကို ဝမ်နင်နဲ့ ရိပေါ် နှစ်ယောက်ပေါင်းမပြီး ဆေးရုံအရေးပေါ်ခန်းကို သယ်လာခဲ့တယ်။

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now