Ep 38

2.9K 177 5
                                    


Unicode

မနက်မိုးလင်းတော့ ရိပေါ် အရင်နိုးလာတယ်
ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ကောရဲ့နဖူးလေးကိုအသာနမ်းကာ ဝဲနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးလိုက်တယ်

ညကပင်ပန်းထားတဲ့ ကောဟာ ကလေးလေးတစ်ယောက်လို အိပ်နေတာလေးက ချစ်ဖို့ကောင်းလွန်းတယ်

(ဟိုက်!!! ဘာလား😳)

First time မို့လို့ညင်သာပေးဖို့ စဥ်းစားထားပေမဲ့ မထိန်းနိုင်ဘဲ ကြမ်းမိသွားတယ်

(What?🤨)

လူးလိမ့်ပြီး နိုးလာတဲ့ကော မျက်လုံးကိုမဖွင့်သေးဘဲ လက်နဲ့ပွတ်နေတာကြောင့် ဖမ်းထားလိုက်ရသည်

"မွ နိုးပြီလား ကော"

"အွမ်း... အ!"

"အရမ်းနာနေလား ကော"

"အွမ်း လှုပ်လို့မရဘူး"

"ကျွန်တော်ရှိတယ်"

စောင်တွေနဲ့ပတ်ကာ ပွေ့ချီလိုက်သည်
မျက်နှာသစ်တာရော သွားတိုက်တာရော ရိပေါ်လုပ်ပေးသည် ရင်ခွင်ထဲမှာ ငြိမ်ငြိမ်လေးနေနေတဲ့ ကောက အကျင်္ ီဝတ်ပေးမယ်ဆိုတော့ အသည်းအသန်ငြင်းလေသည်

"ကျွန်တော်တို့ လုပ်တောင်ပြီးပြီပဲ ကောကလည်း..."

"ဝမ်ရိပေါ်!! မင်းထပ်ပြောရင် ငါဆွဲထိုးမှာနော် ငါကြိုက်လို့ငြိမ်ခံနေတယ် ထင်နေလား"

"........"

"ဟွန့်! မင်းကိုအဲ့လိုလုပ်ဖို့ ဘယ်သူပဲအကြံပေးပေး အဲ့ဒီ့လူ ငါနဲ့တွေ့ရင် ဆေးရုံတစ်လလောက် တက်ရမှာ သေချာတယ်"

ရိပေါ် ဝမ်နင် အတွက် အမွှေးတိုင်ကြိုထွန်းပေးလိုက်သည်

ညက ပြန်ရောက်တော့ ရေချိုးပြီးပြန်ထွက်အလာ ရိပေါ်က သူ့ကိုကောက်ပွေ့ကာ အတင်းကုတင်ပေါ် ပစ်ချလိုက်တာကြောင့် တံတွေးအလိုလိုမြိုချမိသည်

*ငါထင်သလိုတော့ မဟုတ်လောက်ပါဘူးနော်*

"ကော ကျွန်တော့်ကိုခွင့်ပြုပေးပါ"

*ငါထင်သလို ဟုတ်နေတာပဲ*

"ဘာ....ဘာကိုလဲ"

"ကျွန်တော် ကောနဲ့အိပ်ချင်တယ်"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now