Ep 36

2.8K 188 5
                                    


Unicode

ရှောင်းကျန့် နိုးလာတော့ ကုတင်ပေါ်မှာ ဘေးကရိပေါ်ကဘေးတစောင်းအနေအထားနဲ့ သူ့ကိုကြည့်နေတယ်

"နိုးပြီလား ကော"

"အွမ်း"

"ဗိုက်ဆာပြီလား တူတူစားမယ်လေ"

"အွမ်း"

မနက်ခင်းအနမ်းတစ်ပွင့်ပေးပြီးနောက် မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်သွားတဲ့ ရှောင်းကျန့်

နာရီဝက်အတွင်းလာပို့ရန် ဟူသော
ဧည့်သည်‌ေတာ်ရိပေါ်ရဲ့ ခပ်ပြတ်ပြတ်စကားကြောင့် စားဖိုမှူးတွေ အသည်းအသန်ချက်ရတော့သည်
မှာထားတဲ့စားစရာတွေလာပို့တဲ့ ဟိုတယ်ဝန်ထမ်းမလေးက အခန်းထဲကို ဝေ့ဝိုက်ပြီးကြည့်နေတော့ ရိပေါ် ချောင်းဟန့်လိုက်ကာမှ ရယ်ပြပြီး ထွက်သွားလေသည်

ရေချိုးခန်းထဲက ပြန်ထွက်လာတဲ့ရှောင်းကျန့်က ရိပေါ်ကိုပြောစရာရှိပေမဲ့ ပြောရမလား မပြောရဘူးလား စဥ်းစားနေရင်းက မနက်စာကို ပါးစပ်ထဲ ဇွတ်သွင်းနေသည်

ရိပေါ် အကဲခတ်နေတာ ကြာပြီ ဝါးရောဝါးရဲ့လား အစာမကြေပဲနေဦးမယ်

"ဟို....ရိပေါ်"

"အင်း ကျန့်ကော"

"ဟို....အမှုကလေ ငါသိပါတယ် အဲ့တာကိုငါပူစရာမလိုဘူးဆိုတာ ဒါပေမဲ့သိချင်တာရှိလို့"

"ဘာများလဲ"

"ကျန်းမိန်းကလေးက ဘယ်လိုဖြစ်သွားလဲ ဟိုနေ့ကသတင်းမှာလာတော့ ကျန်တဲ့သူတွေအကြောင်းပါပင်မဲ့ သူ့အကြောင်းမပါလို့"

ဇွန်းကိုချ မတ်တပ်ထရပ်ပြီး

"မသိဘူးလေ ကျွန်တော်နဲ့မှမဆိုင်တာ သူ့ဘာ့သူဘယ်လိုဖြစ်ဖြစ်ပေါ့ ကျန့်ကောနဲ့လည်းမဆိုင်ပါဘူး"

ပြောပြီး ကုတင်ပေါ်တက်စောင်ခေါင်းမြီးခြုံနေသော ဝမ်ရိပေါ်အား ဘာဖြစ်သွားတာလဲဆိုတာ အသည်းအသန်စဥ်းစားနေရသော ရှောင်းကျန့်

(အူတိုနေတာဟဲ့ ကိုရီးပိန်းဥရဲ့🙂)

ဘာပဲဖြစ်ဖြစ် စိတ်ဆိုးသွားတာတော့ သေချာတယ် အဲ့တော့ချော့ရမှာပေါ့နော်

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now