Ep 42

2.6K 167 4
                                    


Unicode

ခြံထဲမှာ ပန်းပင်တွေရေလောင်းနေတဲ့ ရှောင်းကျန့်ကို ရိပေါ် တံခါးမှန်ကိုသုတ်နေရင်းက ခိုးကြည့်နေသည်။ အရောင်အစင်းစုံစံုလင်လင်နဲ့ ပန်းတွေကြားထဲမှာ ရိပေါ်မြင်တာက ဖြူဖြူဖွေးဖွေး ယုန်လေးတစ်ကောင်ကိုပဲ။

အဲ့ဒီ့လို ငမ်းလို့ကောင်းနေတဲ့ စီအီးအိုကြောင့် ကုမ္ပဏီမှာ စာရွက်ပုံတွေကြားထဲ ခေါင်းတောင်မဖော်နိုင်ပဲ အလုပ်များနေတဲ့ အတွင်းရေးမှူးလည်း ရှိနေသည်။
ကျင်းရီတစ်ယောက် ပထမဆုံးအလုပ်စတက်တဲ့နေ့မှာတင် စီအီးအိုနေရာဝင်ထိုင်နေရတာ ကောင်းတယ်ပြောရမလား ဆိုးတယ်ပြောရမလား။ ဆိုးပါတယ်လေ။ ပြောရရင် စီအီးအိုကို အကုန်လုံးမြင်ဖူးကြတာမဟုတ်ဘူး။ သူတောင်မမြင်ဖူးဘူး။ ဖုန်းနဲ့ပဲပြောဖူးတာ။ ဟိုတစ်နေ့က အစည်းအဝေးလုပ်နေတုန်း ရဲတွေ ဝုန်းတိုင်းကျဲဝင်လာပြီး အရင်စီအီးအိုကို ဖမ်းသွားကြတာ။ ပြောကြတာတော့ သူက ကုမ္ပဏီကိုမတရားယူထားတာဆိုပဲ အခုတက်တဲ့ စီအီးအိုအသစ်ကမှ နဂိုပိုင်ရှင်အစစ်တဲ့။

လုပ်ပုံကိုင်ပုံကိုမမြင်ဖူးပေမဲ့ အရင်စီအီးအိုရဲ့ မသမာမှုတွေ အရမ်းလျှို့ဝှက်တဲ့ မှောင်ခိုလုပ်ငန်းတွေကိုပါ သက်သေအပြည့်အဝရှာနိုင်တဲ့သူဆိုတော့ တော်ရုံမဟုတ်လောက်ဘူး။ သူ့မိဘတွေထားသွားတဲ့ လျှို့ဝှက်ရှယ်ယာ ၁၀% ကိုတောင် သုံးစရာမလိုပဲ ရှယ်ယာရှင်တွေကို စည်းရုံးနိုင်ခဲ့တာကြောင့် သူ့နေရာပြန်ရခဲ့တာ။ ပြီးတော့ စီအီးအိုက စောက်ရမ်းချောတယ်တဲ့ ဝန်ထမ်းကောင်မလေးတွေအကုန် သူ့ကိုကပ်ပြီးမေးကြတယ် ဘယ်လိုပုံလဲတဲ့ သူတောင်မမြင်ဖူးတာကို။ ချောတယ်ဆိုတာပဲ သိတဲ့အကြောင်းပြောတော့ လက်ဆောင်တွေဇွတ်ပေးခိုင်းတာ ဖုန်းထဲမှာပြောတိုင်း စီအီးအိုက လွှင့်ပစ်ခိုင်းတယ်။ သူ့မှာ ချစ်သူရှိပြီးသားတဲ့။

စီအီးအိုရဲ့ ချစ်သူကရော ဘယ်လိုကောင်မလေးမျိုးဖြစ်မလဲ မသိဘူး။ အဲ့တာအရေးမကြီးသေးဘူး အခုအရေးကြီးတာ ထမင်းစားဖို့။ ရုံးခန်းကို ခဏတော့ထားခဲ့လိုက်ဦးမယ်။
ရုံးခန်းတံခါးကိုဖွင့်ပြီးအထွက် လူတစ်ယောက်နဲ့တိုက်မိပါလေရော။

အသက်နှင့်လဲ၍ (Completed)Onde as histórias ganham vida. Descobre agora