Ep 17

3.1K 216 6
                                    


Unicode

အခု ရိပေါ်က စစ်ဆေးတဲ့အခန်းမှာ ကျန်းစစ်လီကို စစ်မေးနေတယ်။ ဝမ်နင်ရယ် အဖွဲ့မှူးနျဲ့ရယ် ကျင်းဇီရွှမ်း ရယ်က တစ်ဖက်အခန်းမှာ သူတို့နဲ့အတူ အခြားရဲတွေလည်းရှိတယ်။
စစ်မေးခန်းမှာ ကင်မရာတပ်ထားတာကြောင့် ကွန်ပျူတာက‌နေတစ်ဆင့် ဝမ်နင်တို့က ရိပေါ်တို့ကိုမြင်ရတယ်။ အသံဖမ်းစက်လည်းရှိတာမို့ ကြားရတယ်။

(ရဲစခန်းတွေမှာ အဲ့လိုစစ်မေးရင် သက်သေယူဖို့အတွက် ကင်မရာနဲ့ အသံဖမ်းစက်တပ်ထားတာမျိုး ကိုရီးယားကားထဲမှာ မြင်ဖူးလို့ အဲ့တာကို
ထည့်ရေးချင်လို့ပါ)

ရိပေါ်က ကျန်းစစ်လီကိုစစ်မေးနေတာကို
ကျင်းဇီရွှမ်းတို့ကကြည့်နေတယ်။

ခဏနေတော့ ဖုန်းလာလို့ အပြင်ထွက်သွားတဲ့ ကျင်းဇီရွှမ်း ကျန်းစစ်လီဘက်တွင်

"မင်းသတ်ခဲ့တဲ့ လူဘယ်နှစ်ယောက်ရှိလဲ သိလား"

"မသိဘူး"

အသတ်ခံခဲ့ရတဲ့လူတွေရဲ့ ဓာတ်ပုံတွေကိုပြပြီး ရိပေါ်က မေးလိုက်တော့ မသိဘူးတဲ့။

"ဘယ်သိပါ့မလဲ မင်းသတ်ခဲ့တာ အရမ်းများလွန်းတာကို"

"တစ်ခုတော့ မှတ်မိတယ် အဲ့အထဲမှာ မင်းအစ်ကို ပါတော့မလို့လေ"

"မင်း စောက်ပါးစပ်ကို ပိတ်ထား ငါမေးတာပဲဖြေ အပိုတွေမပြောနဲ့"

နဂိုက ဒေါသကိုထိန်းထားတဲ့ ရိပေါ်က
ကျန်းစစ်လီကို ဆွဲထိုးဖို့ပြင်ပြီးနေပြီ။

သူ့ကော်လံကိုဆွဲပြီး မေးလိုက်တယ်။

"မင်း မကြာခင်ထောင်ထဲသွားရတော့မှာ မင်းသိလား"

"သိတယ် ငါမကြောက်ပါဘူး ဒါပေမဲ့ ငါ့မှာလုပ်စရာရှိသေးတယ် သွားလို့...မဖြစ်သေးဘူး"

စိတ္တဇ ဆိုတဲ့အတိုင်း စကားပြောတာက မူမမှန်ပေ။

"လုပ်စရာ?"

"ဟို ဒေါက်တာလေးက ချစ်စရာလေးမလား"

"......."

"ဒီဓာတ်ပုံထဲကလူတွေက နည်းပါသေးတယ်
နှစ်ယောက်လိုနေတယ် မင်းအစ်ကိုနဲ့
ဟိုဒေါက်တာလေးက လိုနေတဲ့နေရာကို ဖြည့်နိုင်လောက်တယ်"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now