Ep 26

2.9K 212 1
                                    


Unicode

"ဟို အစ်ကိုရှီးချန် ဒီအကြောင်းကို ဘယ်သူမှမပြောနဲ့နော် အစ်ကို့ညီကိုရောပဲ ကျွန်တော်အဆင်သင့်မဖြစ်သေးလို့"

"အင်း ရတယ် ငယ်လေး သဘော ကိုယ်က ကိစ္စမရှိဘူး"

"အင်း အစ်ကို ကျွန်တော်သွားပြီနော်"

"အင်း ညနေကြလာကြိုမယ်နော်"

"ဟုတ်"

ထွက်သွားတဲ့ သူလေးကိုမျက်နှာပြုံးဖြီးကာကြည့်နေပြီး သူလည်းစခန်းပြန်မလို့ နောက်လှည့်တော့ မကျေမနပ်နဲ့ ပါးစပ်ကဘာတွေပြောမှန်းမသိ ပြောနေတဲ့ သူ့ညီရဲ့အချစ်ကလေး ကိုမြင်သွားသည်

"ဒေါက်တာ ဘာတွေပြောနေတာလဲ"

"ဝမ်ရိပေါ် အစုတ်ပလုတ် အယ်..မှားလို့ အစ်ကိုရှီးချန်..ဟို...ဘာမှမဟုတ်ပါဘူး"

ပါးစပ်ကလွှတ်ခနဲထွက်သွားပြန်ပြီ ငါ့အကျင့်က တကယ်ပါပဲ

"ရိပေါ် တစ်ခုခုလုပ်လို့လား"

"ဟင် ဘာမှမလုပ်ပါဘူး"

*မဟုတ်မှ သိနေတာလား*

တွေးမိရင်းက သူဒီအခွင့်အရေးမှာ ရိပေါ်အကြောင်းကိုပိုသိချင်တာကြောင့်

"ဟို အစ်ကိုရှီးချန် ရိပေါ်ကလေ ငယ်ငယ်တုန်းက ဘယ်လိုမျိုးလဲ"

"ဒေါက်တာသိချင်လို့လား"

"ဟုတ် ကျွန်တော်သူနဲ့ပိုပြီး ရင်းနှီးချင်လို့"

"အော်"

ဒေါက်တာလေးကလည်း သူ့ညီကိုစိတ်ဝင်စားနေတာပဲ ဒါပေမဲ့ အဖြေမပေးသေးတော့ ဟိုကမစောင့်နိုင်တော့တာနေမှာ

"အာ့ဆို နောက်နေ့ကြရင် အိမ်ကိုလာခဲ့လေ"

"အိမ် အစ်ကို့အိမ်လား"

"အင်း အရင်တုန်းကတော့ တစ်မိသားစုလုံးနေတာပေါ့ ရိပေါ်ရဲ့ငယ်ငယ်ကအမှတ်တရတွေအကုန် အဲ့မှာရှိတယ်"

"ဟုတ် ကျွန်တော် မနက်ဖြန်လာလို့ရလား"

"ရတယ်"

"ဟုတ် ကျေးဇူးပါအစ်ကို"

အစ်ကိုရှီးချန်က ဖော်ဖော်ရွေရွေ နဲ့ သူ့အိမ်ကိုလာဖို့ခေါ်တော့ ရှောင်းကျန့်လည်းမငြင်းတော့ဘူး ပြီးတော့ ရိပေါ်ရဲ့ အမှတ်တရတွေရှိနေတဲ့နေရာဆိုတော့ သူသွားချင်မိသည် အရင်က သူရောက်ခဲ့ပေမဲ့ သူ့ကိုရိပေါ်က...

အသက်နှင့်လဲ၍ (Completed)Kde žijí příběhy. Začni objevovat