Ep 32

2.8K 194 0
                                    

Unicode

အကုန်လုံး အံ့ြသနေချိန်တွင် ဟိုနှစ်ယောက်ကတော့ နမ်းလို့ကောင်းတုန်း

ရှောင်းကျန့်က မားတို့ရှိတာမို့ တွန်းနေပေမဲ့ ရိပေါ်ကလွှတ်မပေး ငါ့မင်းကိုဘယ်လိုစိတ်ချရမလဲ ပါးအကျင့်နဲ့ဆို ဆွဲထိုးပြီးနေလောက်ပြီ

တကယ်လည်း ဆွဲထိုးမလို့ပါ ရှောင်မားရော ကျိုးချန်ပါအတင်းဆွဲထားလို့

ခဏကြာမှလွှတ်ပေးတဲ့ ရိပေါ်က လက်ကိုကိုင်ထားရင်း မကြောက်ဖို့ပြောကာ အထဲဝင်တော့မှာမို့ လွှတ်ပေးလိုက်သည် ကျိုးချန်နဲ့ တာဝန်ခံဆရာဝန်လည်း လိုက်ဝင်သွားသည်

အမှန်တော့ရှောင်းကျန့်က အစက မကြောက်ပါဘူး ရိပေါ်ကိုတမင်ချွဲတာဆိုပေမဲ့ ညကအိပ်မက်ကြောင့် လန့်သွားရုံပင်

သူကဘယ်သူ့ကိုမှဆုံးရှုံးဖူးတာမဟုတ်ဘူးလေ ဘယ်သူ့ကိုမှလည်း ရိပေါ်လောက်မချစ်ခဲ့ဖူးဘူး

ကဲ ပြဿနာစပါပြီ

‌ေဆးရံုနားက ကော်ဖီဆိုင်ထဲမှာ

ရှောင်မားက ကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြဖို့ပြောသည် ရှောင်ပါးကလည်း အတော်လေးကို မကြိုက်တဲ့ပုံပေါ်သည် ဝမ်ချင်ကဘေးမှာ ရိပေါ်ဘက်က ပြောပေးဖို့အသင့်ပဲ

"သား ခုနက အန်တီတို့အမြင်မှားတာများလား"

"ဘာလို့ အမြင်မှားရမှာလဲ ငါ့မျက်လုံးအကောင်းကြီးရှိသေးတယ်"

"အော် ရှင်ကတစ်မျိုး ရိ‌ေပါ်‌ေလးရှင်းပြပါစေဦး"

"ဘာမှရှင်းပြစရာမလိုဘူး ငါရိပ်မိနေတယ် မင်းတို့နှစ်ယောက်ဆက်ဆံရေးက မရိုးဘူးလို့"

"ဟုတ်ပါတယ်"

"ဘာ"

"ကျွန်တော်တို့က ချစ်သူတွေပါ"

ခပ်တည်တည်နဲ့ပဲပြောလိုက်တဲ့ ရိပေါ်ကို ဝမ်ချင်က အံ့ြသလို့ ရှောင်ပါးအကြည့်က သူများသာဆို ပြာကျသွားလောက်တယ်

"ဘယ်တုန်းကတည်းကလဲ"

"မနေ့မနက်ကပါ"

"ငါတို့ရောက်တဲ့ရက်ပေါ့"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now