Chapter 23 - three in one - part 1

4.9K 916 26
                                    

Unicode

တိချိုးဟယ်က အရှေ့ကို ကြောင်တောင်တောင်ကြည့်နေရင်း ခေါင်းရမ်းကာ ပြုံးပြသည်။
" မဟုတ်ပါဘူး... ရူးနေတာက ကိုယ့်မိထွေးလေ..."

သူ့ကို လိုက်ချောင်းနေသော သတင်းထောက်ကို မမြင်ခင်အထိ သူ့မိထွေး ချင်းလီက အတော်လေး ထက်မြက်သည်ဟု သူ ထင်ခဲ့သေးသည်။ သူ့အဖေကို ကြောက်၍ သူ့ကို နောက်ထပ် ဘာမှမလုပ်ရဲဟု တွေးခဲ့သေးသည်။ ထိုသို့ ဓာတ်ပုံချောင်းရိုက်ခံရတော့မှ သူ့မိထွေးကို လျှော့တွက်ခဲ့မှန်း သိလိုက်ရသည်။ အခု သူ့မိထွေးက သူ့အဖေ၏ အချစ်ကို ပြန်ရချင်ရုံမက တိချိုးဟယ်ကိုပါ ဘဝပျက်စေရန်အထိ တွေးထားခဲ့ခြင်းပင်။

သူ့အဖေကို အမှားဝန်ခံကာ တောင်းပန်ခဲ့ခြင်းဖြင့် ယုံကြည်မှုပြန်ရထားကာ ဟွမ်ဒူ၏ ထိန်းချုပ်ခြင်းမှ ကင်းလွတ်အောင် သူမနည်းကြိုးစားခဲ့ရသည်။ ဤသည်က ချင်းလီကို ကြောက်လန့်စေသည်။ ထို့ကြောင့် သူ့ကို ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် ဟွမ်ဒူထဲ ပြန်ခေါ်ကာ ထိန်းချုပ်ရန် ကြိုးစား၏။ ဟွမ်ဒူမှ အပြီးအပိုင်ထွက်လာပြီးကတည်းက တိချိုးဟယ် မှာ ချင်းလီ တစ်ခုခုလုပ်မည်ကို တွေးမိသော်လဲ ဒီလောက်ကြီးမြန်မည်ဟု မတွေးထားပေ။

ဒီတိုက်ခန်းကိုလဲ ချင်းလီလက်ဆောင်ပေးထားခြင်းပင်။ သူကိုယ်တိုင်ကလဲ ထိုလက်ဆောင်၏ ရည်ရွယ်ချက်ကို ရိပ်မိသည်။ ဒီလောက် တင်းကြပ်သော လုံခြုံရေးရှိသည့် တိုက်၏ မြေအောက်ကားပါကင်တွင် သတင်းထောက်တစ်ယောက် ရုတ်တရက် ပေါ်လာခြင်းက ချင်းလီ၏ စိတ်မရှည်တော့ခြင်းကို ပြနေ၏။

ချင်းလီနောက်ထပ် ဘာလုပ်တော့မည်ကို သူ ခန့်မှန်းလို့ရသွား၏။ ပထမတော့ သူ့အပေါ် ရေတွေအကုန်လောင်းချမည်။ ထို့နောက်မှ ကုမ္ပဏီက သူ့ကို သနားသောအားဖြင့် ပြန်ခေါ်သည်တို့ဘာတို့လုပ်မည်။ ပြီးရင်တော့ အဆက်အသွယ်တွေ ပိုက်ဆံတွေကို သုံးကာ တိ မိသားစုထဲ မျက်နှာငယ်ငယ်နှင့် ပြန်လာရအောင် လုပ်မည်။ ပြီးတော့မှ သူက ဇနီးကောင်းတစ်​ယောက်ဟန်ဆောင်ကာ တိချိုးဟယ်အဖေရှေ့တွင် သူ့ကို လက်ခံပေးရန် ပြောလိမ့်မည်။ ထိုအခါမှ သူ့အဖေက သဘောကျသွားလိမ့်မည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now