Chapter 131- What a Happy Coincidence 4

3.2K 636 12
                                    

Unicode

" ပိုင်"

" အင်း"
ဟောပိုင်က ဓာတ်ပုံတစ်ပုံတည်းဖြတ်၍ ရွှီရင်းရုန်ဆီ ပို့နေသည်။ ထို့နောက် Weibo ထဲဝင်ကာ လက်ထောက်တစ်ယောက် ငှားရမ်းလိုကြောင်း စာတင်၍ သူနှင့်တိချိုးဟယ်ကို ရုတ်တရက်ကြီး ship ​နေကြသော ဖန်များကို လျစ်လျှူရှုသည်။ ခဏနေတော့ သူ့ acc တွင် pin post အဖြစ်တင်ကာ weibo ထဲမှ ထွက်သည်။

သူ့အသံက တည်ငြိမ်လွန်း၍ တိချိုးဟယ်မှာ သိချင်နေရာက ခဏရပ်သွားကာ သေချာအောင် ပြန်မေးလိုက်သည်။
" ပိုင်.. မင်း လေဆိပ်မှာပြောတဲ့စကားက...."

သနားစရာကောင်းသော အသံလေးကို ကြားလိုက်ရသော ဟောပိုင်မျက်ဝန်းထဲ ပြုံးရိပ်လေးများ ဖြတ်ပြေးသွားသည်။ ဖုန်းကို ပခုံးကြားညှပ်ကာ ကျွင်းချန်ဆီ laptop နှင့် စာပို့နေသည်။ ကီးဘုတ်ပေါ် စာရိုက်နေရင်း ပြန်ဖြေ၏။
" ကျွန်တော် ဘာပြောလို့လဲ.. အော် ဒါနဲ့ ခင်ဗျား K နိုင်ငံကို ရောက်နေပြီလား... မနေ့က ခင်ဗျားတို့ရိုက်ကူးရေးအဖွဲ့ လေယာဥ်ထွက်တာမလား"

" အခုပဲ ရောက်တယ်.. ဒီမှာနည်းနည်းတော့ပူတယ်"
ပြတင်းပေါက်အပြင်မှ တောက်ပနေသော နေမင်းကြီးကိုကြည့်၍ တိချိုးဟယ်က စာရိုက်သံများ​ကြားနေရ၏။ ဟောပိုင်ကို ပို၍ လွမ်းလာကာ တိုးတိုးညင်းညင်းလေး ပြောနေသည်။
" ပိုင်.. ကိုယ်မင်းကို အရမ်းလွမ်းတာပဲ... ကိုယ်လေ..."

တင်း!!

သူ့laptop ထဲ e mail အသစ်ဝင်လာသည်။

ဟောပိုင်က ကျွင်းချန်ဆီပို့မည့်စာကို ခဏရပ်ကာ mailbox ထဲ ဝင်၍ e mail အရင်စစ်သည်။ ထို့နောက် ကြောင်သွား၏။
" C မဂ္ဂဇင်း???"

" ဘာဖြစ်တာလဲ"
တိချိုးဟယ်က ဟောပိုင် လန့်သွားသောကြောင့် အလန့်တကြားမေးလိုက်သည်။

" C မဂ္ဂဇင်းက ကျွန်တော့်ကို cover ဓာတ်ပုံငှားဖို့ ဖိတ်နေတယ်"
ဟောပိုင်က မတ်မတ်ထိုင်ကာ e mail သေချာဖတ်ရင်း စနောက်သည့် email မဟုတ်ရန် သေချာစစ်ဆေးနေ၏။ ထို့နောက် မျက်ခုံးပင့်ကာ အသံတွေပါ ကျယ်လာသည်။
" ဖက်ရှင်မဂ္ဂဇင်းကြီး လေးခုထဲက တစ်ခုဗျ ချိုးဟယ်ရ.. သူတို့ရဲ့ cover ကို အရမ်းစီနီယာကျတဲ့ ဓာတ်ပုံဆရာတွေပဲ ဖိတ်ဖူးတာဗျ.. ကျွန်တော့်ကို ဖိတ်တယ်ဆိုတာ မယုံနိုင်စရာပဲ"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now