Chapter 63 - ဝိုင်သုံးခွက် ပြစ်ဒဏ် 2

4.5K 786 26
                                    

Unicode

တိချိုးဟယ်က စာရိုက်ရင်း ဖြည်းဖြည်းချင်း စဥ်းစားနေသည်။

သူ့ပုံစံက သူ့အပြစ်အတွက် အတော်လေး နောင်တရနေသည့်နှယ်

တိချိုးဟယ်  : အဓိကက ကျွန်တော် အခွင့်အရေးရတုန်း သူ့ကို မဝန်ခံမိတာ.. ပြီးတော့ အသံမက်ဆေ့ချ်လဲ ရှိသေးတယ်

နျို့ကျွင်းကျယ် : ဘာအသံလဲ

တိချိုးဟယ်က အသက်ဝဝရှူ၍ : ကျွန်တော် သူ့ကို အိမ်ကအနိုင်ကျင့်လို့ သတ်သေချင်တဲ့ ကောင်မလေးတစ်ယောက်လို့ လိမ်ပြောထားတာ .. သူ့ဆီကလဲ ချိုးချိုးရေ မောနင်းနော် Good night နော် မွမွ ဆိုတဲ့ အသံမက်ဆေ့ချ် တောင်းထားသေးတာ

နျို့ကျွင်းကျယ် ကြောင်သွား၏။
" ဟျော့င် မင်း ဘာဖြစ်နေတာလဲ"

ပုံမှန်လူတစ်ယောက်က သူငယ်ချင်းကို ဒီလို စကားမျိုးတွေနဲ့ နှစ်သိမ့်ခိုင်းလိမ့်မည်မဟုတ်။ သူက အတိတ်ဆိုးရှိခဲ့ဖူးသည့်အတွက် တိချိုးဟယ်ကို နားလည်ပေးခဲ့သေးသည်။ ဒါပေမဲ့ ဒီလောက်ကြီး ရူးသွပ်နေမှန်း ဘယ်သူထင်မှာတဲ့လဲ

တိချိုးဟယ်က မျက်နှာမှ ချွေးများကို သုတ်၍ သူ့နှုတ်ခမ်းသူ ပြန်ရိုက်နေသည်။
... ပြီးတော့ သူ ကျွန်တော့်အတွက် မွေးနေ့လာလုပ်ပေးတုန်းက အဲ့အသံကို alarm လုပ်ထားတာ မိသွားသေးတယ်...

' သေလိုက်ပါတော့လား '
နျို့ကျွင်းကျယ်က စိတ်ထဲကဆဲ၍ ဟောပိုင်ဘက် တစ်ချက်လှည့်ကြည့်သည်။ ထို့နောက် ခပ်သွက်သွက်လေး စာပြန်ရိုက်သည်။ ဖုန်းတောင် ကွဲမတတ်ပင်။
.. ဒီလို အသည်းယားစရာကောင်းတဲ့ အသံမျိုးကို ဘာလို့ alarm လုပ်ထားတာလဲ.. ပြီးတော့ ရှောင်ပိုင်က ကြားသွားသေးတယ် ??? မင်း မွေးနေ့ကို လာလုပ်ပေးတာက တော်တော် ကောင်းနေပြီကို မင်းက ဒီလိုကျေးဇူးဆပ်လိုက်တာလား.. မင်းကွာ.. တန်တယ် ဟေ့ကောင် .. မင်း သူနဲ့ ဝေးဝေးနေ .. မဟုတ်ရင် သေပြီသာမှတ်....

မျက်နှာငယ်လေးနှင့် တိချိုးဟယ် : ပြန်ပြင်နိုင်မယ့် အခွင့်အရေးလေးများ ရှိဦးမလား

နျို့ကျွင်းကျယ် : လုံးဝပဲ.. မင်းက ဒီလောက် အရှက်မရှိတာ .. အခုချိန်မှာတော့ ​ဝေးဝေးနေတာ အကောင်းဆုံးပဲ

Vous aimerez aussi

          

တိချိုးဟယ် : ထွက်မှ မပြေးချင်တာ .. ရှောင်ပိုင်ခွင့်လွှတ်တာ လိုချင်တာလေ.. ဖြစ်နိုင်ပါ့မလား

ထိုစာကြောင့် နျို့ကျွင်းကျယ်မှာ ဓာတ်ပုံများနှင့်အလုပ်ရှုပ်နေသော ဟောပိုင်ကို တစ်ချက်လှမ်းကြည့်ကာ စာပြန်ရိုက်သည်။
.. သေချာတာပေါ့ ပြစ်ဒဏ်အနေနဲ့ ဝိုင်သုံးခွက် အရင်သောက်ရမယ် .. ပြီးရင် စိတ်ရင်းနဲ့ တောင်းပန်ပြီးတော့ " ကျွန်တော့်အမှားပါ " ဆိုပြီးတော့ သုံးခါတိတိ အော်ရမယ် .. ပြီးရင်တော့ သုံးလလုံးလုံး သူ့ကို အလုပ်အကျွေးပြုပေးရမယ် အဲ့ဒါဆိုရင်တော့ အဆင်ပြေမှာပါ.. စိတ်မပူပါနဲ့ ရှောင်ပိုင်က အရမ်းသနားတတ်တာ မင်းသာ စိတ်ရင်းနဲ့ တောင်းပန်ရင် သူ မကြာခင် ခွင့်လွှတ်ပေးလိမ့်မယ်

ခဏကြာအောင် စဥ်းစားပြီးသည့်နောက် တိချိုးဟယ်က စာပြန်သည်။ ...အိုခေ...

နျို့ကျွင်းကျယ်က ကျေကျေနပ်နပ်ကြီး ခေါင်းညိတ်သည်။ ... ကံကောင်းပါစေကွာ...

ယုံကြည်မှု အပြည့်ရှိသွားသော တိချိုးဟယ် : ကျေးဇူးပဲ

သူခိုးနှစ်ကောင်ကဲ့သို့ စီစဥ်ကြပြီးနောက် သူတို့နှစ်ယောက်လုံး စိတ်ချမ်းသာသွားကြသည်။ နျို့ကျွင်းကျယ်ကလဲ တိချိုးဟယ်ကို ကူညီပေးရ၍ ဝမ်းသာကာ တိချိုးဟယ်က သူ့အချစ်ကို ပြန်ရတော့မည်ဖြစ်၍ ဝမ်းသာသည်။

စာသစ်နှစ်အစဖြစ်၍ ကျောင်းသားများက စိတ်ကြိုက်ရွေးရသည့် အတန်းများကို အစက ပြန်ရွေးရသည်။ ဟောပိုင်က ကျောင်းအကောင့်ထဲ ဝင်ကြည့်တော့ ' a bird born in autumn ' မှ စာတွေအများကြီး ဝင်ထားတာ တွေ့လိုက်၏။ တစ်ချက်ပြုံးကာ တုံ့ဆိုင်းခြင်းမရှိပဲ ဖျက်လိုက်သည်။

ဟောပိုင်ဘေးနားတွင် ထိုင်နေသော နျို့ကျွင်းကျယ်မှာ ဖုန်းကို တင်းတင်းဆုပ်ကာ : ရှောင်ပိုင် မဖတ်လိုက်ဘူး.. အကုန်လုံးကို ဒီတိုင်းကြီး ဖျက်လိုက်တယ်

မျက်ခုံးများတွန့်ချိုးရင်းက တိချိုးဟယ် ငြိမ်နေသည်။ : ထပ်ပို့လိုက်မယ်

ဤသို့ပင် အတန်းရွေးနေသည့်တစ်လျှောက်လုံး ဟောပိုင်အကောင့်ထဲ စာများ ဆက်တိုက်ဆိုသလို ဝင်လာသည်။

OUR❤️ ( One Useless Rebirth) 1Où les histoires vivent. Découvrez maintenant