Chapter 125 - Bromance 1

3.4K 629 32
                                    

Unicode

" ဒီခေါင်းလျှော်ရည်လေး မဆိုးဘူး.. ကျွန်တော်ကြိုက်တယ်"
ဟောပိုင်က ခဏရပ်လိုက်ပြီးနောက် ခြေနှစ်လှမ်းပြန်ဆုတ်လိုက်သည်။ စားပွဲပေါ်ကျသွားသော ခရားကို လှမ်းကိုင်ထားသည့် တိချိုးဟယ်ကိုတွေ့တော့ ပုံမှန်လေသံနှင့် ပြန်ပြောသည်။
" ညလယ်စာတော့ မစားတော့ဘူး နောက်ကျနေပြီ ခြေလက်ဆေးပြီး အိပ်တော့မယ်"

တိချိုးဟယ်က တောင့်တင်းနေသော ခန္ဓာကိုယ်ကို အသာဖြေလျှော့၍ ရေနွေးခွက်ကို တစ်ဝက်ဖြည့်ကာ အေးဆေးနေသော လေသံနှင့် ပြန်ဖြေသည်။
" အင်း .. လက်ဖက်ရည်အများကြီးသောက်ရင် အိပ်မပျော်ပဲနေလိမ့်မယ်.. နည်းနည်းသောက်ပြီး ရေချိုးလိုက် နောက်တောင်ကျနေပြီ"
ထို့နောက် ရေနွေးခရားကို ဖြည်းညင်းစွာ သေချာလေးပြန်ချသည်။

တည်ကြည်နေသောမျက်နှာ တည်ငြိမ်နေသောလေသံ တစ်ချက်လေးပဲ ရဲမလာသော နားရွက်... ရေနွေးခရားချပြီးနောက် ဟောပိုင်ကို ပုံမှန်အတိုင်းပြန်ကြည့်ကာ ဆွဲဆောင်မှုရှိရှိနှင့် အနားကပ်ထိုင်သည်။ တိချိုးဟယ်ပုံစံက လုံးဝ​ပြောင်းလဲမသွား။

အဲ့ဒါဆို သူ အဆင့်တက်မှ ရမှာပေါ့...

ဟောပိုင်က သူ့ကိုပြန်မကြည့်ပဲ လက်ဖက်ရည်အကုန်မော့ချသည်။ ထို့နောက် မတ်တပ်ထရပ်ကာ အင်္ကျီကြယ်သီးများ ဆွဲဖြုတ်သည်။
" ကျွန်တော့်ကို ခရီးဆောင်အိတ်ထဲက ညအိပ်ဝတ်စုံလေး ထုတ်ပေးပါလား.. ရေသွားချိုးတော့မလို့"
ထို့နောက် အင်္ကျီကြယ်သီးကို အရှိန်ပြင်းပြင်းနှင့် ဖြုတ်သည်။ တစ်ခု နှစ်ခု သုံးခု.. ရင်ညွန့်ရိုးပေါ်လာသည် နောက်တော့ ရင်ဘတ်အသားများ ထို့နောက် ချက်ဖျားအထိ...

ရှပ်အင်္ကျီအောက်တွင် စွပ်ကျယ်လေးတစ်ထည်တော့ သူ ဝတ်ထားသင့်သည်။ တိချိုးဟယ်က ပုံမှန်အတိုင်း အကြည့်လွှဲသွား၏။ လက်ဖက်ရည်တစ်ခွက်ငှဲ့သောက်လိုက်ပြီးနောက် ထရပ်ကာ ခရီးဆောင်အိတ်ထဲမှ ညဝတ်အင်္ကျီကို ရှာရန် ထွက်လာသည်။ ချိုးချိုးလေး ထလာမည်စိုး၍ တိချိုးဟယ် မြန်မြန်လျှောက်နေရ၏။

သူလျှောက်လာသည်မှာ မြန်လွန်း၍ သူ့ရှေ့တွင် အင်္ကျီချွတ်နေသော ဟောပိုင်မှာ သူ့ကို လုံးဝစိတ်မဝင်စားဟုပင် ထင်သွားသည်။ ဟောပိုင်က သူ့ကိုယ်သူ ငုံ့ကြည့်ကာ တိချိုးဟယ် ဘာမှမတုံ့ပြန်သည့်အတွက် အတော်စိတ်ပျက်သွား၏။ တိချိုးဟယ်က ယောကျ်ားလေးတွေကို မကြိုက်တာလား.. သူ့ ခန္ဓာကိုယ်က ပိန်နေလို့ မကြိုက်တာလား..

OUR❤️ ( One Useless Rebirth) 1Kde žijí příběhy. Začni objevovat