Chapter 104 - Frightmare 1

3.3K 687 29
                                    

Unicode

" မစ္စတာဟောရဲ့ တောင်းဆိုချက်ကို ကျွန်တော်တို့ ပိုအာရုံစိုက်လိုက်ပါ့မယ်"
လူနာခန်းထဲ ဝင်လာသော ရဲအုပ်က ကုတင်ပေါ် မှ တိဘီရန်ကို အရင်ကြည့်လိုက်သည်။ ထို့နောက် ရှေ့နေဝမ်နှင့် လျှို့ဝှက်စွာ အကြည့်ချင်းဖလှယ်၍ ချင်းလီဆီ လျှောက်သွားကာ အသံတိုးတိုးနှင့် ပြောသည်။
" သူဌေးကတော်တိ .. ခင်ဗျားယောကျ်ား တိဘီရန်က လှေကားပေါ်က အတွန်းခံရပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်လို့ တိုင်ချက်ရထားပါတယ်.. အမှုကို စစ်ဆေးဖို့ အသာတကြည် ပူးပေါင်းမယ်လို့မျှော်လင့်ပါတယ်"

အခြေအနေက ရုတ်တရက် ပိုဆိုးလာပြန်သည်။ ချင်းလီက အနောက်လှည့်ကြည့်ရင်းက တည်ငြိမ်အောင် ကြိုးစားနေရသည်။
" အဲ့ဒီ့သံသယက အခြေအမြစ်မရှိပါဘူး..ကျွန်မယောကျ်ားက လှေကားပေါ်က ချော်လဲကျတာပါ..ကျွန်မအိမ်က အလုပ်သမားတွေ အကုန် သက်သေခံနိုင်တယ်"

ရဲအုပ်က ထိုစကားကို လျစ်လျှူရှုကာ ရဲတချို့ကို တိအိမ်သွား၍ အလုပ်သမားများကို စစ်မေးခိုင်းသည်။ ထို့နောက် ချင်းလီကို ကြည့်၏။
" အခင်းဖြစ်တဲ့အချိန်မှာ ခင်ဗျားသမီး တိချွန်းဟွာပါ ရှိနေတယ်လို့ ခင်ဗျားအိမ်ထိန်းဆီက သိထားရပါတယ်.. ခင်ဗျားရဲ့ သမီး အခု ဘယ်မှာလဲ"

ချင်းလီ မျက်နှာပျက်ပျက်နှင့် ဆင်ခြေရှာနေတုန်း အသံတစ်သံ တံခါးနားတွင် ပေါ်လာသည်။

" ငါ့ကို မဆွဲနဲ့.. လွှတ်နော်.. လွှတ်"

တိချွန်းဟွာ၏ အော်ဟစ်သံက လူနာဆောင်တစ်ခုလုံးပင် ကြားနေရသည်။ သူမကို ဝမ်ပေါ်ရီနှင့် ဟူကျောက်တို့က ခေါ်လာကြခြင်းဖြစ်၏။ သူမကို လွှတ်ပေးလိုက်တော့ ကုတင်ပေါ်က တိဘီရန်ကို ကြည့်ကာ တုန်တုန်ရီရီနှင့် ချင်းလီကို ပြေးဖက်သည်။
" အမေ... အန်တီလျို့က သစ္စာဖောက် သိလား.. သမီးကို အမေ လေဆိပ်ပို့ခိုင်းပေမဲ့ သူက အရူးအဖိုးကြီးတစ်ယောက်ဆီ ခေါ်သွားပြီး ပိတ်ထားတာ.. သူ့ကို သမီးအတွက် လက်စားချေပေးပါ"

ချင်းလီက ချက်ချင်း တိချွန်းဟွာကို ပါးစပ်လှမ်းပိတ်ကာ ဟူကျောက်ကို ကြည့်သည်။ တိအိမ်၏ အိမ်ထိန်းဖြစ်သလို တိချွန်းဟွာက အရူးအဖိုးကြီးဟု ခေါ်သူလဲ ဖြစ်၏။ ချင်းလီက တအံ့တသြနှင့် ဒေါသတကြီး ထအော်သည်။
" ဟူကျောက်.. ရှင်.. ရှင်က ကျွန်မဆီကို ရည်ရွယ်ချက်ရှိရှိ ရောက်လာခဲ့တာပေါ့.. ရှင်က တိဘီရန်ဘက်က လူလား"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now