Chapter 57 - He was screwed 2

3.5K 712 8
                                    

Unicode

ဆယ်မိနစ်ကြာတော့ G ပြည်နယ်၏ နိုင်ငံရေးလောကမှ ကတော်တစ်ဦးက Weibo တွင် post တင်လာသည်။ Yika ကို tag တွဲ၍ Little Mermaid offical အကောင့်တွင် ဝင်ရေးခြင်းဖြစ်သည်။ သူမက သူမသမီး၏ စေ့စပ်ပွဲအတွက် Yika မှ ဝတ်စုံစပွန်ဆာပေးခြင်းကို ကျေးဇူးတင်ကြောင်း ဓာတ်ပုံနှင့်တကွ တင်ထားခြင်းဖြစ်သည်။

ဓာတ်ပုံဲထဲတွင် သွယ်လျလှပသည့် မိန်းကလေးတစ်ဦးက Little Mermaid ၏ ဒီဇိုင်းသစ်ဖြစ်သည့် ပန်းနုရောင် လှိုင်းဇာဂါဝန်ကို ဝတ်ဆင်ထားပြီး ဆံပင်တွန့်လေးများကို ခွေလိမ်ထားကာ ကျက်သရေရှိရှိ လှပနေသည်။

အင်တာနက်ပေါ်မှ လူများက ထိုဝတ်စုံက ဒီနေ့မှ ထုတ်သည့် ဒီဇိုင်းသစ်ဖြစ်ကြောင်း အတည်ပြုပေးကြသည်။ ထိုဒီဇိုင်းမှာ မင်းသမီးဒီဇိုင်းမှ စျေးအကြီးဆုံးဖြစ်သည့် စင်ဒရဲလား ဒီဇိုင်းဖြစ်၏။

Netizen ၁ : Little Mermaid ဒီဇိုင်းသစ်ကို ပထမဆုံး ဝတ်ရတဲ့သူပဲ.. မြန်လိုက်တာ .. အရမ်းမိုက်တယ်

Netizen ၂ : တိချွန်းဟွာပြောတဲ့ အဝတ်စုတ်ကို လာကြည့်ပါဦး .. လှလိုက်ရတာ  သတို့သမီးလေးကလဲ ချစ်စရာလေး ... ဒီလို ၂၀ကျော်လေးတွေအတွက်လဲ အရမ်းလိုက်ဖက်တာပဲ

Netizen ၃ : ဒီလိုအချိန်တိုလေးအတွင်းမှာ ဝတ်ထားတာဆိုရင် မြို့ဝန်ကတော်က Little Mermaid ဝတ်စုံကို ကြိုပြီး ရထားမှာပဲ.. ဒီလိုဝတ်စုံမျိုးကို တချို့က သူတောင်းစားတွေပဲဝတ်တဲ့ အဝတ်စုတ်လို့ ပြောထားဖူးတာသိရင် မြို့ဝန်ကတော် ဘယ်လိုနေမလဲ သိချင်လိုက်တာ

Netizen ၄ : မြို့ဝန်ကတော် အရမ်းစိတ်ပျက်သွားမှာပဲ.. သူ့သမီးလေး စေ့စပ်ပွဲအတွက် ပျော်နေရမဲ့ဟာကို .. ဒီဝတ်စုံကို ဝတ်ထားတဲ့မိန်းကလေးက မင်းသမီးတစ်ပါးလို တောက်ပနေတာကို .. အဲ့လိုလိုက်ပြောနေတဲ့သူတွေ ရှိတယ်ဆိုတော့...

Netizen ၅: ဟား ဟား Little Mermaid ဝတ်စုံကို တိချွန်းဟွာလို ရိုင်းစိုင်းတဲ့ မိန်းကလေးမျိုးကို မငှားတာ အကြောင်းရင်း အတိအကျ ရှိတာပဲ.. သူ့လိုမိန်းကလေးက မြို့ဝန်ကတော်လို ပညာတတ် အသိုင်းအဝိုင်းကြီးတဲ့ မိန်းကလေးမျိုးနဲ့ ယှဥ်ပြောဖို့ တန်တောင် မတန်ဘူး.. ဘယ်သူက မင်းသမီးအစစ်လဲဆိုတာ အဝေးကြီးကတောင် သိသာတယ်.. ဟား ဟား

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now