Chapter 94- Popsicle 4

3.3K 713 31
                                    

Unicode

" ဒါရိုက်တာကြီး.. ကျွန်မသူ့ကို နှုတ်ခမ်းနီ မဆိုးပေးလိုက်ပါဘူး.. ဒီတိုင်း အဆီလေးပဲ ဆိုးပေးထားတာပါ"
မိတ်ကပ်ဆရာမက ဒါရိုက်တာကြီးကို ကြောက်ကြောက်လန့်လန့်နှင့် ဖြေရှင်းချက်ပေးနေသည်။ ထို့ကြောင့် ဝန်ထမ်းများက တုံ့နီကို ဝိုင်းကြည့်လိုက်ကြသည်။

တုံ့နီက နှုတ်ခမ်းကိုက်ရင်း အောင့်သက်သက်
ပြုံးလိုက်၏။
" ကျွန်မ နည်းနည်းဆိုးထားတာ"
တကယ်က သူမနှုတ်ခမ်းနီက အရမ်းကြီး နီရဲနေသည်တော့မဟုတ်။ အရောင်လေးနည်းနည်းစိုနေခြင်းသာ။ ထိုအရာက မိန်းကလေးတွေရဲ့ လှည့်ကွက်တစ်ခုဖြစ်ပြီး တိချိုးဟယ်က ရွံရှာစွာနှင့် ဖျက်ပစ်လိုက်သည့်အခါတွင်တော့ သူမ တော်တော်အရှက်ရသွားလေသည်။

နှုတ်ခမ်းနီရာဖျက်ပြီးနောက် သူ့ဂျူနီယာလေးဆီပြေးသွားသော တိချိုးဟယ်ကို သူမ ကြည့်နေမိသည်။ ဂျူနီယာဖြစ်သူကို တစ်ခုခုပြောပြီးနောက် မျက်မှောင်ကြုံ့သွားသည်ကိုလဲ တွေ့လိုက်ရသည်။ လည်ပင်းမှာ နှုတ်ခမ်းနီရာပေါ်အောင် နမ်းလိုက်တာတောင် သူနဲ့ မနီးသွားပါလား...

ပထမတစ်ခါရိုက်တာ မအောင်မြင်သည့်အတွက် နောက်တစ်ခေါက် ထပ်ရိုက်ရန် ပြင်ကြသည်။

တိချိုးဟယ်က တုံ့နီလည်ပင်းကို ရိုက်ဟန်ဆောင်ကာ လဲကျသွား၍ ဖမ်းကာ မြေပေါ်ချသည်။ ထို့နောက် ရှုပ်ထွေးလှသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ အပြင်ပြေးထွက်သွား၏။

" cut"

ဒါရိုက်တာက ဆူရလွန်း၍ ခေါင်းပါမူးလာသည်။
" တုံ့နီ.. အရိုက်ခံရလို့ မေ့လဲတာ ဘယ်သူက အဲ့လိုကြီး လဲကျလို့လဲ..ငါပြောတယ် တိချိုးဟယ်နား အရမ်းမကပ်ပါနဲ့ဆို .. အက်ရှင်ဆရာနဲ့ အစမ်းလေ့ကျင့်တုန်းက အဆင်ပြေပြီး အခုချိုးဟယ်နဲ့ကျမှ ဘာလို့မရတော့တာလဲ"

ဟောပိုင်ပင် မျက်မှောင်ကြုံ့မိသွားသည်။ တုံ့နီက တိချိုးဟယ်ကိုယ်ပေါ်ကို တမင်လဲကျချင်ယောင်ဆောင်နေသည်က အတော်သိသာလွန်းနေသည်။

တုံ့နီအဆူခံနေရချိန်တွင် တိချိုးဟယ်တစ်ယောက် ဟောပိုင်နားကပ်လာပြန်သည်။ သူ့ကြည့်ရတာ အဆင်ပြေပေမဲ့ အသံတိုးတိုးလေးနှင့် ညည်းညူနေ၏။
" ခွေးပေါက်လေး မင်းသိလား.. သူ ကိုယ့်ကို အနိုင်ကျင့်နေတာ"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now