Chapter 115 - အခြေခံ ဂျပန်စာ သင်တန်း 2

3.2K 662 16
                                    

Unicode

တိချိုးဟယ်က ဝမ်ပေါ်ရီနှင့် ဝေးရာကို လျှောက်လာပြီး ဟောပိုင်ကို ချွဲတဲတဲအသံနှင့် ပြောလိုက်သည်။ တစ်ခုခု ကြားလိုက်ရ၍ ​တန့်သွားကာ အသံတိုး၍ မေးလိုက်သည်။
"  အဲ့ဒါ ဘယ်ကအသံကြီးလဲ ... မင်း ဘာတွေလုပ်နေတာလဲ ပိုင်လေး...."

ဂျပန်မလေး၏ တအားအားအော်သံကို ဘယ်ဘက်နားတွင် ကြားနေရပြီး ညဘက်နားတွင်တော့ တိချိုးဟယ်၏ အသံချိုအေးအေးကို ကြားရသည်။ ဟောပိုင်က အတွေ့အကြုံအသစ်ဟု မှတ်ယူလိုက်၏။

" ကျွန်တော်အပြာကားကြည့်နေတာ"
ဟောပိုင်က ခပ်အေးအေးပင် ပြန်ဖြေသည်။
" ရင်သားအကြီးကြီးနဲ့ ကောင်မလေးတွေလေ.. အဝတ်အစားလုံးဝမပါတဲ့ဟာ"

တိချိုးဟယ်က ခေါင်းပေါ် မိုးကြိုးပစ်ချခံလိုက်ရသလို ကြောင်ရပ်နေသည်။

" ခင်ဗျားရော ကြည့်ချင်လား.. ကျွင်းကျယ်ကို ပို့ခိုင်းလိုက်မယ်လေ"
ဟောပိုင်က သဘောထားကြီးစွာနှင့် ​ပြောနေရင်း တိချိုးဟယ်အသံက အများကြီး ပိုနားထောင်ကောင်းကြောင်း သေချာသိသွား၏။

" မလိုဘူး ကျေးဇူးပဲ"
တိချိုးဟယ်က လေသံမာမာနှင့် ပြန်ပြောကာ ခြေဖျားလက်ဖျားများ အေးလာ၍ ဖုန်းချလိုက်သည်။ ပြောင်လက်နေသော လေဆိပ်ကြမ်းပြင်ကိုကြည့်ကာ ခေါင်းထဲမှာ ဗလာဖြစ်နေသည်။ နှုတ်ခမ်းများကို တင်းတင်းကိုက်ထားရင်း မျက်လုံးတွေပြာနေ၏။ သူ့ရင်ဘတ်ထဲမှ တစ်ခုခုက ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသည်။

သူ ရင်မဆိုင်ချင်ခဲ့တဲ့ အမှန်တရား... ခွေးပေါက်လေးက ဖြောင့်နေခဲ့ရင်ရောဆိုတဲ့ အတွေးက တကယ်ဖြစ်နေသည်။

ဖုန်းပြန်မြည်လာသည်။ ဒီတစ်ခါတော့ ဟောပိုင်ဆက်ခြင်းဖြစ်သည်။

ငရဲအိုးထဲ ထိုးကျသွားသော သူ့စိတ်လေး ပြန်ရောက်လာကာ နှစ်စက္ကန့်လောက်ကြာမှ ဖုန်းကိုင်လိုက်သည်။ ဖုန်းကိုင်သော်လဲ စကားတစ်ခွန်းမှ မပြောနိုင်သေး။

" ခင်ဗျား ရှက်သွားတာလား.. နောက်တာပါဗျာ.. အဲ့ဒီကောင်မလေးက ချစ်စရာတောင် မကောင်းဘူး ခင်ဗျားနဲ့ဆို အဆင်ပြေမှာမဟုတ်ပါဘူး.. ပျင်းစရာကြီး"
လေလှိုင်းမှ တစ်ဆင့်ဖြတ်လာသည့် ဟောပိုင်အသံက အပြာကားမကြည့်နေသည့်အတိုင်း ပုံမှန်ကဲ့သို့ အေးဆေးတည်ငြိမ်နေသည်။
"အခု အင်တာနက်မှာ သတင်းတွေ ပြန့်နေတာနော် ... ဂရုတစိုက်နေ .. သူများမကောင်းကြံတာလဲ မခံရစေနဲ့ဦး.. ကောလဟလတွေလဲ မထွက်စေနဲ့.. ရိုက်ကူးရေးပဲ အာရုံစိုက်သိလား.. အားတာနဲ့ လာခဲ့မယ်နော်"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now