Chapter 79- မယက ကိုကို 4

3.6K 738 5
                                    

Unicode

သူတို့သုံးယောက်လုံး ရပ်ကာ ဟောပိုင်ကို ပြိုင်တူကြည့်လိုက်ကြသည်။ ထို့နောက် ဟောပိုင်တစ်ယောက် ဘာမှမသိသော မျက်လုံးများနှင့် ပြူးကြည့်နေတော့မှ သဘောပေါက်သွားကာ သူ့အနားကပ်လာကြ၏။
" ငါတို့က ဘယ်လိုလုပ်ရကောင်းမလဲ ခေါင်းပူနေတဲ့ဟာ မင်းက ဘာဆိုဘာမှမသိဘူးဆိုတဲ့ သဘောလား.. ငါတို့ကို တမင်ဒေါသထွက်အောင် လုပ်နေတာမဟုတ်လား"

ဟောပိုင်က ​ချက်ချင်းတောင်းပန်ကာ ဖုန်းပိတ်ထားရာမှ ဖွင့်ကြည့်လိုက်သည်။ weibo ထဲ ဝင်မည်အလုပ် မဖတ်ရသေးသော စာများနှင့် noti အမြောက်အမြားဝင်နေသည်ကို တွေ့လိုက်ရသည်။

" ကဲ မင်းမှာ မဖတ်ရသေးတဲ့ noti တွေ ဘာလို့ အဲ့လောက်များနေတာလဲ"

သုံးယောက်သား သူ့အနားကပ်လာကာ သူ့ဖုန်းကို ကြည့်လိုက်သည်။ ဒီကောင်လေးက မနေ့ညထဲက အဆောင်ကို ပြန်မလာသည့်အပြင် မနက်က တစ်မနက်လုံး အဆက်အသွယ်ဖြတ်ကာ ကျောင်းပါပျက်လိုက်သေးသည်။ ဒီကောင်လေးလုပ်သမျှက သူတို့သည်းခံနိုင်သည့်အတိုင်းအတာကို ကျော်သွား၏။ ခဏနေတော့ သူတို့အားလုံး ထိုကောင်လေးကို ကြမ်းပေါ်လှဲချကာ တက်ဖိတော့သည်။

ဆယ်မိနစ်ကျော်ကြာတော့ ဟောပိုင်တစ်ယောက် ဆံပင်ဖွာလန်ကြဲကာ ရေချိုးခန်းထဲ ဝင်ပုန်းနေလိုက်သည်။ ပထမဆုံး ရွှီရင်ရုန်ကို ဖုန်းဆက်ကာ အတန်းပျက်ရသည့် အကြောင်းကို ရှင်းပြသည်။ နောက်တော့ missed call များကို ဖွင့်ကြည့်သည်။ တော်သေးတာက သူ့အခန်းဖော်များနှင့် တိချိုးဟယ်သာ ခေါ်ထားလေ၏။ နောက်ဆုံး တိချိုးဟယ်ကို သူ ဖုန်း​ပြန်ခေါ်သည်။

" နောက်ဆုံးတော့ ပြန်​ခေါ်ပြီပေါ့"
ဖုန်းဝင်သွားပေမဲ့ တိချိုးဟယ်က ...
" ကိုယ် မင်းနဲ့ တစ်ညလုံး တစ်နေ့လုံး အဆက်အသွယ်မရတာ သိရဲ့လား.. ဟင်"

တိချိုးဟယ်အသံက နူးညံ့ချိုသာကာ တည်ငြိမ်အေးဆေးနေ၏။ ထို့အပြင် အနောက်ဆုံးစကားလုံးကို အသံခပ်လေးလေးဖြင့် ပြောတတ်သည်။ သူ့အသံက ဘာကိုမှ ဂရုမစိုက်သလို ပုံစံပေါက်ပေမဲ့ အတော်လေး ဆွဲဆောင်မှုရှိကာ ညှို့ငင်အားကောင်း၏။ တိချိုးဟယ် ထုတ်မပြောတာတောင် သူ့လေသံကြောင့် အတော်လေးစိတ်ဆိုးနေသည်ဆိုတာ ဟောပိုင်သေချာသိလိုက်သည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now