Chapter 126 - Bromance 2

3.3K 628 22
                                    

Unicode

ဆံပင်လေမှုတ်စက်ကို အနိမ့်ဆုံးအဆင့်ထားကာ ဟောပိုင်ဘေးနားတွင် ခြေချိတ်ထိုင်၍ နှာသီးရဲရဲလေးနှင့် သေချာလေမှုတ်ပေးလေသည်။ မျက်လုံးတို့က နူးညံ့ကာ အချစ်စိတ်ပြည့်ဝလျက်။

" ဒီကလေးက ကိုယ့်ကိုကိုယ် ဂရုစိုက်ရကောင်းလဲ မသိ .." ဟု တွေးရင်းနှင့် တိချိုးဟယ်က ဟောပိုင်၏ စိုရွှဲရွှဲ ဆံပင်ကွေးကွေးလေးများကို ခြောက်သည်အထိ တယုတယကိုင်ရင်း မှုတ်ပေး၏။

မျက်နှာအေးအေးလေးကို ကိုင်ကြည့်ရင်း ပြုံးနေသည်။

ချစ်ဖို့ကောင်းလိုက်တာ...

နောက်ဆုံး ဆံချည်တစ်မျှင် ခြောက်သည်အထိ စိတ်ရှည်လက်ရှည် အခြောက်ခံပေးပြီးနောက် တိချိုးဟယ်က လေမှုတ်စက်ကို ပိတ်ကာ ဟောပိုင်နားကပ်လှဲကာ ကိုယ်လုံးလေးကို ဖက်သည်။ ထို့နောက် ဟောပိုင်နဖူးလေးကို နမ်း၍ အိပ်ပျော်သွားလေ၏။

နောက်တစ်နေ့ ဟောပိုင် နိုးလာတော့ အိပ်ရာပေါ်တွင် ငူတူတူနှင့် ထထိုင်နေသည်။ ဘေးနားက လူကို လက်နှင့်စမ်းရှာတော့ တိချိုးဟယ်က မရှိတော့။ ရိုက်ကွင်းရောက်သွားပြီဖြစ်၏။

အိပ်ရာဘေးစားပွဲပေါ်တွင် မှတ်စုတိုလေးကပ်ထား၍ မျက်လုံးများပွတ်သပ်ကာ လှမ်းယူလိုက်သည်။

... ကိုယ် ရိုက်ကွင်းသွားတော့မယ်နော်... မနက်စာ ပို့ထားပေးပြီးပြီ..စားဖို့ မမေ့နဲ့ဦး.. အပြင်ရောက်ရင် လက်ထောက်ဝမ်ကို ဖုန်းဆက်လိုက် .. သူ မင်းကို အထဲခေါ်လာပေးလိမ့်မယ်..

မှတ်စုစာရွက်လေးကို ချကာ အခန်းကို ဝေ့ဝဲကြည့်တော့ ကော်ဖီစားပွဲပေါ်တွင် ပူနွေးနွေး မနက်စာ နှစ်ဘူးတင်ထားသည်ကို တွေ့ရ၍ ချိုချိုသာသာ ပြုံးလိုက်သည်။ မနက်စာကို ဖွင့်ကြည့်သည့်အခါတွင်တော့ သူ့အပြုံးလေး တောင့်တင်းသွားလေ၏။

ပထမတစ်ဘူးတွင် အသားပေါက်စီလေးများ ပြည့်နေအောင် ရှိနေသည်။ ဒုတိယတစ်ဘူးတွင်တော့ ဆန်ပြုတ်ရှိပြီး ကြက်ဥ ဝက်သားနှင့် အာလူးပါ ပါလေ၏။ အကန့်သေးသေးလေးတစ်ခုတွင် ကြက်ဥပြုတ်ပါ ထည့်ပေးထားသေးသည်။ ဘေးနားတွင် ပန်းသီးနီရဲရဲတစ်လုံးနှင့် ကိတ်မုန့်ဘူးသေးသေးလေးပါ ရှိနေသေးသည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now