Chapter 100- ကွာရှင်းပြတ်စဲခြင်း 3

3.6K 727 30
                                    

Unicode

" မြောက်ပိုင်းကန်တင်းက သက်ရှည်ခေါက်ဆွဲစားလေ"
တိချိုးဟယ်က ခပ်တိုးတိုးလေး ရယ်နေသည်။ သူ့နောက်မှ တီးလုံးသံလေးထွက်နေကာ Q တက္ကသိုလ်တွင် ညပိုင်းဖွင့်ထားတတ်သည့် ဂီတသံနှင့် တူနေသည်ကို ဟောပိုင်သတိထားမိသွား၏။
" ခွေးပေါက်လေး.. B မြို့ရဲ့ ဆောင်းရာသီက အရမ်းအေးတာပဲ ကိုယ် ဘာမှပါမလာခဲ့ဘူး.. လာကယ်ပါဦး"

ဟောပိုင်က တအံ့တသြနှင့် ငေါက်ခနဲ ထထိုင်လိုက်သည်။
" ခင်ဗျားပြန်လာပြီလား ... ကျောင်းဝင်းထဲမှာလား"

တိချိုးဟယ်က ခပ်တိုးတိုးလေး ရယ်ကာ ဘာစကားမှ ပြန်မပြော။

" ခင်ဗျား !!"
ဟောပိုင်က အသံတိတ်လေးဆဲကာ ဖုန်းချသည်။ ထို့နောက် အိပ်ရာမှ ထ၍ ကုတ်အင်္ကျီတစ်ထည်ဝတ်ကာ ဗီရိုထဲမှ ကုတ်အင်္ကျီနောက်တစ်ထည်ထုတ်၍ ကြောင်ကြည့်နေသော အခန်းဖော်များကိုတောင် ဘာစကားမှ မပြောနိုင်ပဲ ပြေးထွက်သွားလေ၏။

ဝမ်ဟူက တအံ့တသြနှင့် မေးသည်။
" ဘယ်သူလဲ... ဘယ်သူမို့လို့ သူ အဲ့လောက် စိတ်လှုပ်ရှားနေတာလဲ"

အချစ်ရေးတွင် အတွေ့အကြုံရှိသော နျို့ကျွင်းကျယ်က အေးအေးဆေးဆေး ပြန်ဖြေသည်။
" သူ ဂရုစိုက်တဲ့ ကောင်မလေး နေမှာပေါ့ဗျာ"

ချန်ကျဲက မျက်မှန်ကိုင်းကို ကိုင်လိုက်၏။
" သူ သဘောကျတဲ့ ကောင်လေးလဲ ဖြစ်နိုင်တာပဲ"

ဝမ်ဟူနှင့် နျို့ကျွင်းကျယ်တို့က ထိတ်လန့်ကာ ချန်ကျဲကို လှည့်ကြည့်လိုက်ကြသည်။

ချန်ကျဲက ပခုံးအသာ တွန့်ပြသည်။
" တွေးကြည့်တာလေ"

ထို့နောက် နှစ်ယောက်သား ဝိုင်းရိုက်ဟန်ဆောင် လိုက်ကြ၏။

ဆောင်းရာသီထဲ ဝင်နေပြီဖြစ်၍ B မြို့က အတော်လေး အေးနေ၏။ ဟောပိုင်ရောက်သွားတော့ တိချိုးဟယ်က ကစားကွင်းထောင့်နားတွင် ထိုင်နေကာ လေအတိုက်ခံရ၍ မျက်နှာတစ်ခုလုံး ရဲနေပြီဖြစ်၏။

" ဘာလို့ မပြောမဆိုနဲ့ ရောက်လာတာလဲ.. ရိုက်ကွင်းကိုရော ဘယ်လိုပြောထားခဲ့တာလဲ"
ဟောပိုင်က လက်ထဲမှ ပါလာသည့် အင်္ကျီနှင့် တိချိုးဟယ်ကို ပစ်ပေါက်ကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now