Chapter 56 He was screwed 1

3.6K 732 0
                                    

Unicode

Little Mermaid ဒီဇိုင်းသစ်မိတ်ဆက်ပွဲမတိုင်ခင် တစ်ရက်အလို ဖြစ်၏။ အင်တာနက်တွင် ပြန့်နေသော တိချွန်းဟွာ၏ မကောင်းသတင်းများမှာ တိဘီရန်၏ ညွှန်ကြားချက်အောက်တွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်စ ပြုလာသည်။ Netizen တို့အတွက် တခြားသတင်းများနှင့် အာရုံလွှဲလိုက်သည်။ သို့သော် ထိုညတွင် တိချွန်းဟွာက အင်တာနက်ပေါ် post တစ်ခု တင်လိုက်သည်။ ထိုသတင်းမှာ ဟောပိုင်က အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြားတတ်သူမဟုတ်ကြောင်း... တိချိုးဟယ်နှင့် ဟောပိုင်တို့က သူငယ်ချင်းတွေ ဖြစ်သည့်အတွက် တိချိုးဟယ်၏ ခြယ်လှယ်မှုကြောင့် သူမကို Little Mermaid ဒီဇိုင်းနှင့် ဓာတ်ပုံမရိုက်ပေးခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။ ထို့အပြင် Little Mermaid လိုမျိုး အဝတ်စုတ်တွေက သူတောင်းစားများသာ ဝတ်ကြကြောင်းနှင့် သူမအတွက် ဘာမှမဟုတ်ကြောင်း .. သူမကို စွပ်စွဲနေသူတွေ အကုန် ဘဝပျက်အောင် လုပမှာဖြစ်ကြောင်းကိုပါ ရေးထား၏။

ထိုpost မှာ ငါးမိနစ်အတွင်း ပြန်ဖျက်လိုက်ပေမဲ့ netizen တို့က ဓာတ်ပုံရိုက်ထားလိုက်နိုင်သည်။

Netizen ၁ : ဓာတ်ပုံဆရာဟောကို ဘာလို့ ဒီအရှုပ်ထုပ်ထဲ သွင်းရဲတာလဲ.. ဒီမှာမိန်းကလေး.. မင်း ငါတို့ကို အာရုံလွှဲဖို့ ကြိုးစားနေတာမလား.. ဒီဇိုင်းရဲ့ ပင်တိုင်ဓာတ်ပုံဆရာတစ်ယောက်က ဝတ်စုံငှားတဲ့ကိစ္စကို တာဝန်ယူစရာလား.. ဓာတ်ပုံဆရာက သက်သက် ပစ်မှတ်အထားခံနေရတာ ..  မင်း မရှက်ဘူးလား.. မင်းသာ မပြောရင် ဝတ်စုံအကြောင်းကို ဘယ်သူမှတောင် မသိဘူး.. ဟုတ်ပြီလား"

Netizen ၂ : Little Mermaid က ဒီဇိုင်းသစ်ထုတ်ဖို့ ပြင်ဆင်ထားတာ တော်တော်ကြာနေပြီ မနက်ဖြန်ဆို ဒီဇိုင်းသစ်က ထွက်လာတော့မှာ .. မထွက်ရသေးတဲ့ ဒီဇိုင်းနဲ့ ဓာတ်ပုံရိုက်ဖို့ ဘာလို့ငှားရမှာလဲ.. မင်းအမေက မင်းကို အလိုလိုက်ရုံနဲ့ တစ်ကမ္ဘာလုံးက မင်းအလိုကျ လိုက်လုပ်ပေးမယ် ထင်မနေနဲ့.. သူတို့က မှန်တာလုပ်တာ.. တိချိုးဟယ်နဲ့ ဟောပိုင်ကို ဘာလို့ အပြစ်တင်ရတာလဲ.. ဘာလို့ သူတို့ပဲ အတိုက်ခိုက် ခံနေရတာလဲ

Netizen ၃ : အဝတ်စုတ်တွေ??? သူတောင်းစားတွေအတွက် ??? မိန်းကလေးတိက အိမ်မှာနေရင် ရွှေထည်တွေပဲ ဝတ်တယ်နဲ့တူတယ် Little Mermaid ကို လုံးဝမဝတ်မိပါစေနဲ့

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now