Chapter 73- တပည့်အဖြစ်လက်ခံခြင်း 2

3.5K 710 12
                                    

Unicode

တိချိုးဟယ် : ငါ့ခွေးပေါက်လေး ရေချိုးနေတယ်

ကျန်းရှိုးဝမ် : ဘာ !!

တိချိုးဟယ် : အိပ်ရာပေါ်မှာ တစ်ကိုယ်လုံးချွတ်ပြီး စောင့်နေသင့်လား

ကျန်းရှိုးဝမ် : WTF!! မင်းတို့နှစ်ယောက် တွဲနေကြပြီလား

တိချိုးဟယ် : ဟင့်အင်း .. ငါ သူ့ကိုဖွင့်မပြောရသေးဘူး

ကျန်းရှိုးဝမ် : ချွတ်ပြီးစောင့်နေရင်တော့ ဖြစ်လာနိုင်စရာတစ်ခုပဲ ရှိတယ်.. block ခံရမှာ

တိချိုးဟယ် : မင်းက မနာလိုဖြစ်နေတာပဲ

ကျန်းရှိုးဝမ် : အော် အေးပါကွာ

တိချိုးဟယ်က သူ့ချစ်သူနှင့် တစ်ခန်းထဲ အတူရှိနေသည်ကို သာသာလေးကြွားလိုက်ပြီး ဖုန်းပိတ်လိုက်သည်။ ထို့နောက် ရေချိုးခန်းထဲမှ ထွက်လာမည့်ကောင်လေးကို မသေချာသေးသော ခံစားချက်နှင့် စိတ်လှုပ်ရှားစွာ ထိုင်စောင့်နေ၏။

ဆယ်မိနစ်ကြာတော့ ဟောပိုင်က ရေချိုးခန်းသုံး အဖြူရောင် အင်္ကျီရှည်ကို ဝတ်ကာ ထွက်လာသည်။ တဘက်တစ်ထည်နှင့် ခေါင်းသုတ်နေရင်းက တစ်ချက်သမ်းလိုက်သည်။
" ခင်ဗျားလဲ ရေသွားချိုးတော့လေ.. မနက်အစောကြီး သွားရမှာမဟုတ်ဘူးလား"

တိချိုးဟယ်က စိတ်ပျက်လက်ပျက်နှင့် ပြန်ဖြေသည်။
" အင်းပါ"

ခွေးပေါက်လေးက ရေချိုးခန်းထဲမှာ သူထားပေးခဲ့တဲ့ ညဝတ်အင်္ကျီကို မဝတ်ထားဘူး.. စိတ်ညစ်လိုက်တာ..

စုံတွဲအင်္ကျီလေး ဝတ်မည့်အစီအစဥ် ပျက်စီးသွား၏။

သို့သော် ပို၍ စိတ်ညစ်စရာ အခြေအနေတွေက စောင့်ကြိုနေပါ၏။ သေသေချာချာ ရေချိုးသန့်စင်နေသည့်အတွက် သူ ထွက်လာသည့်အခါ ဟောပိုင်က အိပ်ရာပေါ် အိပ်မောကျနေရှာ၏။ အိပ်ရာတစ်ခုထဲတွင် အတူလှဲကာ ချစ်ကြည်နူး တစ်တီတူးမည့် အစီအစဥ်လဲ ပျက်သွားပြန်သည်။ သူ့အိပ်မက်လေးက အစပင် မပျိုးလိုက်ရ။

တိချိုးဟယ်က စောင်တစ်ထည်ယူကာ တိတ်ဆိတ်စွာ မီးပိတ်လိုက်သည်။ ထို့နောက် အိပ်ရာပေါ်လှဲ၍ ချစ်သူလေးရှိရာ လက်လှမ်းလိုက်သည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now