Chapter 119 - စွယ်စုံရ လက်ထောက် 1

3.3K 670 17
                                    

Unicode

ဟောပိုင်က အူတူတူနှင့် ဖုန်းချလိုက်သည်။ ယန်မုန်၏ စကားများကို သေချာပြန်မစဥ်းစားနိုင်ခင် နျို့ကျွင်းကျယ်က စက္ကူဖာကြီးတစ်ခုသယ်ကာ ဝမ်းသာအားရနှင့် အထဲဝင်လာသည်။
" ငါ ဝယ်ခဲ့ပြီကွ.. ရလာခဲ့ပြီ.. အသိတစ်ယောက်ကို ပိုက်ဆံတော်တော်ပေးလိုက်ရတယ် .. တော်တော်တန်ဖိုးကြီးတဲ့ဟာမို့လို့ဟာ ... ရှောင်ပိုင်လေးရဲ့ ပထမဆုံး အလုပ်လေးလေ.. album ပါ ပါသေးတယ်.. ရော့ တစ်ယောက်တစ်ခု ယူကြ.. သိမ်းထား"

နျို့ကျွင်းကျယ်က စက္ကူဖာကို အမြန်ဖြည်ကာ အသစ်စက်စက် album ဆယ်ခုကို ထုတ်လိုက်သည်။

" အထဲမှာ ပြက္ခဒိန်တွေရော ပိုစတာတွေရော ပါသေးတယ်.. ကျွင်းချန်က ရက်ရောလိုက်တာ.. ဒါကဘာကြီးလဲ lightstick ရောလား.. "
နျို့ကျွင်းကျယ်က လက်ဆောင်ပစ္စည်းများကို တက်ကြွစွာ ဖောက်ကြည့်နေသည်။
" တစ်ခုကို နားထောင် တစ်ခုကိုသိမ်းထား ရှောင်ပိုင်.. နောက်နှစ်ခုကိုတော့ ဆရာရွှီကို ပေးလိုက်ဦး.. မင်းကို အရမ်းဂုဏ်ယူနေမှာ"

ဟောပိုင်လက်ထဲတွင် album များ ပိုစတာများနှင့် ပြည့်လာသည်။ album ထိပ်တွင် အဓိက ဓာတ်ပုံဆရာအဖြစ် သူ့နာမည်ကို ရေးထားသည့်အတွက် ခဏကြောင်နေသည်။ ဘာမှ မတွေးနိုင်သေးခင် လက်က ဖုန်းထုတ်၍ တိချိုးဟယ်ကို စာပို့လိုက်သည်။

ဟောပိုင် : ကျွင်းချန်ရဲ့ album ဒီနေ့ထွက်တယ်

ပြန်စာ မရသည်က ထူးတော့မထူးဆန်း။ တိချိုးဟယ် D မြို့ကို ရောက်သွားပြီးကတည်း ရိုက်ကွင်းကြောင့် နေ့ရောညပါ အလုပ်ရှုပ်နေရာ ဖုန်းက တစ်နေကုန် အသံပိတ်ထား၏။ ဟောပိုင် morning ဟု ပို့ထားသည်ကိုပင် ညသန်းခေါင် ဒါမှမဟုတ် နောက်တစ်နေ့ အရုဏ်တက်ချိန်မှ ပြန်ပို့နိုင်သည်။

အိပ်ဖို့တောင် အချိန်လုရမည်ထင်၏။ သနားစရာကောင်းလိုက်တဲ့ကလေး..

ဟောပိုင်က စိုးရိမ်စိတ်ကို ခဏမေ့ကာ သူ့အတွက်ဂုဏ်ယူနေသည့် အခန်းဖော်များကိုကြည့်လိုက်သည်။ ဒီနေ့မှ လက်ခံထားသည့် လုပ်ခကိုတွေးမိတော့ ပြုံးလိုက်၏။
" ကျွန်တော် ဒီနေ့ အရမ်းပျော်နေလို့ ညစာသွားစားရအောင် ကျွန်တော်ဒကာခံမယ်"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now