Chapter 102- Crack the whip 2

3.4K 668 13
                                    

Unicode

အိမ်ထိန်းက ချင်းလီနှင့် တိချွန်းဟွာကို ခေါ်ဆိုပုံပါ ပြောင်းလဲသွား၏။ အတွင်းသတင်းများ အကုန်သိထားပုံရကာ တိဘီရန်၏ ယုံကြည်ရသည့် ဘက်တော်သား ဖြစ်နိုင်၏။

တိချိုးဟယ်လဲ အခုမှ စိတ်ချနိုင်တော့သည်။ ​သူ စကားနည်းနည်းပြောပြီးနောက် ဖုန်းချကာ ဟောပိုင်ဘက် လှည့်၍ ပြုံးသည်။
" ကိုယ်တို့ စိတ်ဝင်စားဖို့ကောင်းတာ တွေ့ရတော့မယ်"

စောစောကလို အရမ်းရုပ်တည်နေသော အခြေအနေမရှိတော့သည့် တိချိုးဟယ်ကို ကြည့်ကာ ဟောပိုင် အတော်စိတ်အေးသွားသည်။ သို့သော်လဲ သတိထပ်ပေးသေး၏။
" အလေးအနက်ထားပါဦး.. တစ်ခုခုမှားတာနဲ့ ကျွန်တော်တို့နှစ်ယောက်လုံး သွားမှာ"

ထိုစကားကြောင့် တိချိုးဟယ်က ပို၍ ပြုံးလာကာ တိုးတိုးလေး ပြန်ဖြေသည်။
" စိတ်မပူပါနဲ့ ကိုယ်တို့နှစ်ယောက်လုံး အခုချိန် ဆေးရုံထဲ အတူဝင်သွားရင်တောင် အေးအေးဆေးဆေး ပြန်ထွက်လာနိုင်ဖို့ အာမခံတယ်"

" ကျွန်တော်တို့ " ဆိုသည့်စကားကို သူ အတော်လေး သဘောကျမိ၏။

တိနှင့် Huangdu ရှေ့နေတို့ တဖြည်းဖြည်းနှင့် ရောက်လာကြ၏။ လက်ထောက်ဝမ်ကလဲ သူ့အဖေ အခြေအနေ တည်ငြိမ်နေကြောင်း အသိပေးသည်။ သို့သော် ချင်းလီက တခြားနေရာကို ရွှေ့ရန်ကြိုးပမ်းနေသည်ဟုလဲ ပြော၏။

ဟောပိုင်က ခဏတွေးလိုက်ပြီးနောက် လက်ထောက်ဝမ်ကို ပြန်လွှတ်ကာ သူက အိမ်ထိန်းဟူကျောက်နှင့် သွားတွေ့ရန် စီစဥ်သည်။

ရှေ့နေများက တိဘီရန်သတင်းကို ကြားတော့ တုန်လှုပ်နေပုံရ၏။ တိချိုးဟယ်က တိဘီရန် အဆင်ပြေကြောင်းကြားတော့ စိတ်အေးသွားကြပုံရပြီး ညအိတ်ဝတ်စုံနှင့် ဟောပိုင်ကို သတိထားမိသွားသည်။

" ရှေ့နေကြီးတို့ ဒီနေ့ ခင်ဗျားတို့ကို ဘာလို့ခေါ်လိုက်ရလဲ သိကြမှာပါ"
တိချိုးဟယ်က ဟောပိုင်ကို ကွယ်၍ ရပ်လိုက်ပြီး မျက်မှောင်ကြုံ့သည်။
" ခင်ဗျားတို့အားလုံးက ကျွန်တော့်မိသားစုကို သစ္စာရှိတာ ဟုတ်တယ်မလား"

သူတို့အားလုံး တိချိုးဟယ်စကားကြောင့် ကြောင်ကြည့်နေကြပြီးမှ အကုန်လုံးက တိမိသားစုဘက်မှ ရှေ့နေများဖြစ်နေသည်ကို သိလိုက်ရသည်။ သို့သော် တိချိုးဟယ်က Huangdu ကိုလဲ တစ်ခါနှစ်ခါသာ လာဖူးပြီး ကုမ္ပဏီအကြောင်းကို တစ်ခုမှ မလုပ်ဖူးသူက သူတို့အားလုံးကို ဘာလို့ တိတိကျကျ ရွေးနိုင်ခဲ့တာလဲ???

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now