Chapter 65 - ရှောင်ပိုင်လေးရေ 1

3.6K 685 2
                                    

Unicode

ဗီဒီယိုကို ကြည့်ရုံနဲ့တင် လန့်သွားသောကြောင့် ဘောပင်ထဲမှ အသံကို ဟောပိုင်နားမထောင်ရဲတော့။ ဘောပင်ထဲက အသံက သူ့ကိုအိပ်မက်ဆိုးကဲ့သို့ လိုက်ခြောက်နေမည်ဟု သူ့စိတ်ထဲက အလိုလိုသိနေ၏။

တောအုပ်ငယ်လေးထဲရှိ ရိုက်ကွင်းတွင်

" Cut ... အဆင်ပြေတယ်"

ကျန်းကွမ်းရှန်က လက်ကာပြလိုက်သည်။ ပထမတော့ တိတ်ဆိတ်နေကြပေမဲ့ ခဏကြာတော့ လက်ခုပ်လက်ဝါးတီး၍ အားပေးသံများ ပြည့်နှက်လာသည်။ ခြေကုန်လက်ပမ်းကျနေသည့် တိချိုးဟယ်အနားသို့ ရိုက်ကွင်းဝန်ထမ်းများ ဝိုင်းလာကြသည်။ သဘက်လှမ်းပေးကြ ဒဏ်ရာရမရစစ်ဆေးကြ ချီးကျူးကြနှင့် အသံများ ဆူညံလာကြသည်။

ဇာတ်ပို့မင်းသား ယန်ဝမ်ထျန်က သူ့လက်ထောက်ပေးသည့် ရေဘူးကို မော့ကာ တိချိုးဟယ်ကို ပြုံး၍ ကြည့်သည်။ ထို့နောက် လက်မထောင်ပြကာ ချီးကျူးလေသည်။
" အရမ်းတော်တယ်ဗျာ.. ဖန်ကွဲစကို ရှောင်လိုက်တဲ့အခန်းက တကယ်လေးစားစရာပဲ"

တိချိုးဟယ်က အသက်ဝအောင်ရှူ၍ လက်သီးချင်းတိုက်ကာ ပြန်ပြုံးလိုက်သည်။
" ခေါင်မိုးနှစ်ခုပေါ် ​ပြေးရတဲ့အခန်းကိုတောင် စတန့်မသုံးပဲ ကိုယ်တိုင်လုပ်တဲ့ခင်ဗျားကမှ ပိုချီးကျူးစရာပါ.. ခင်ဗျားလို အရမ်းတော်တဲ့သရုပ်ဆောင်က တော်တယ်ပြောတော့ ကျွန်တော်တကယ်တော်တာပေါ့"

အက်ရှင်မင်းသားတစ်ယောက်ဖြစ်သည့် ယန်ဝမ်ထျန်မှာ ပရိသတ်အတော်အသင့်ရှိပေမဲ့ ပေါက်လောက်သည့်ဇာတ်ကားမျိုး မရိုက်ရသေး။ ထို့ကြောင့် သူ့အောင်မြင်မှုက ရှိသည်လဲမဟုတ် မရှိလဲမဟုတ် အလယ်အလတ်ဖြစ်နေသည်။ ကမ်းလှမ်းသည့်ဇာတ်လမ်းအချို့ကလဲ သူ့အတွက် လုပ်ကွက်သိပ်မရှိပေ။ တခြားအောင်မြင်သည့်မင်းသားတွေက သူ့ကို ဘေးဖယ်ထားတတ်ကြသည်တောင် ရှိသေး၏။ သူက တိချိုးဟယ်လို Huangdu သခင်လေးက အတော်မာနကြီးလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် တကယ်တမ်းကျတော့ တိချိုးဟယ်မှာ ပေါင်းသင်းရလွယ်သလို လူတိုင်းနှင့် လိုက်လျောညီထွေရှိ၏။ Huangdu အကြောင်း စကားနှင့်တောင် မဟပဲ စီနီယာအပေါ် လေးစားမှုရှိသူတစ်ယောက်လဲဖြစ်သည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now