Chapter 72 - တပည့်အဖြစ်လက်ခံခြင်း 1

3.9K 724 3
                                    

Unicode

စူးစူးရဲရဲ စိုက်ကြည့်နေသော ဟောပိုင်မျက်ဝန်းများကို ရှောင်ရင်း တိချိုးဟယ်က ဆံပင်သုတ်ပြီးသည်နှင့် အိပ်ရာပေါ် တက်လိုက်သည်။

" အိပ်"
ဟောပိုင်က လိုက်ကာပိတ်လိုက်၍ အခန်းမှာချက်ချင်းမှောင်ကျသွားသည်။

ညလုံးပေါက် အလုပ်လုပ်ထားရသည့်အပြင် တစ်နေကုန်လျှောက်သွားထားရ၍ ရေချိုးပြီးနောက်တွင် တိချိုးဟယ်တစ်ကိုယ်လုံးမှ အကြောများ ပြေလျော့စပြုလာသည်။ နူးညံ့ညံ့ နွေးထွေးထွေး အိပ်ရာနှင့် ထိတွေ့လိုက်ရသောအခါ ချက်ချင်းပင် အိပ်ချင်စိတ်များ ပေါ်လာသည်။

" ပိုင်"
မျက်လုံးတွေက ​ခြောက်သွေ့နေကာ အရမ်းအိပ်ချင်နေသည်။ အိပ်ရာဘေးတွင် ရပ်ကာ သူ့ကိုကြည့်နေသည့် ဟောပိုင်ကိုတွေ့တော့ အိပ်ချင်စိတ်ကို ဖယ်ကာ ခဏလေးဖြစ်ဖြစ် အတူတူရှိချင်သွားသည်။ မျက်လုံးကို အတင်းဖွင့်ကာ ​ပြောလိုက်သည်။
" အစောကြီးရှိသေးတယ် .. သရဲကားလေးတစ်ကားလောက် ကြည့်ကြမလား.. ပြီးတာနဲ့ ညစာသွားစား ကြမယ်လေ"

" မရဘူး.. အိပ်မှာသာ အိပ်"
ဟောပိုင်က မျက်နှာတည်ကြီးနှင့် ပြန်ဖြေကာ မျက်မှောင်များကြုံ့လိုက်သည်။
" ခင်ဗျား မအိပ်ပဲနေရင် နယ်စပ်ကို ပြန်ပို့လိုက်မှာနော်"

မျက်နှာတည်နေသောကြောင့် တိချိုးဟယ်က ပြုံးလိုက်ရင်း ဆက်မစတော့ပဲ အိပ်ရာအစွန်သို့ ရွှေ့လိုက်သည်။
" မင်းရော ပင်ပန်းနေမှာပေါ့ .. တူတူအိပ်မယ်လေ"

ဟောပိုင်က ဘာမှပြန်မပြောပဲ စောင်နှင့် မျက်နှာကို အုပ်ထားပေးလိုက်သည်။ ထို့နောက် ကလေးတစ်ယောက်ကဲ့သို့ စောင်ကို ဟိုဘက်သည်ဘက် ထိုးထည့်ပေးရင်း ခြိမ်းခြောက်နေသည်။
" ပါးစပ်ပိတ် မျက်လုံးမှိတ်ထား.. မအိပ်ရင် ဆွဲထိုးမှာ"

တိချိုးဟယ်က ဘာမှမမြင်ရတော့ပေမဲ့ သူ့ရင်ဘတ်ပေါ် စောင်ခြုံပေးနေသည့် လက်ဖဝါးဆီမှ အနွေးဓာတ်လေးကို ခံစားနေရသည်။ ထိုခံစားချက်က သစ်ဆန်းပြီး ထူးခြားနေ၏။

တိချိုးဟယ်က နှုတ်ခမ်းအသာကွေးရင်း စောင်ကို အသာလေးမကာ တစ်ဖက်လှည့်၍ ဟောပိုင်ခါးကို လှမ်းဖက်လိုက်သည်။ တစ်ကိုယ်လုံးကွေးကာ ဟောပိုင်ခါးကို မျက်နှာအပ်၍ မျက်လုံးမှိတ်ထား၏။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now