Chapter 68- ငှက်လေး ဘာလို့ပျောက်သွားတာလဲ 1

3.7K 689 3
                                    

Unicode

ဆောင်းဦးမိုးပြေးအဆုံးတွင်တော့ ရာသီဥတုက အေးသထက် အေးလာသည်။ ရှော့ပင်းမောများတွင်လဲ နွေရာသီဒီဇိုင်းများကို ချကာ ဆောင်းဦးရာသီ လျှော့စျေးများ စတင်လေသည်။ ဖက်ရှင်ဒီဇိုင်း ကုမ္ပဏီများကလဲ ဆောင်းဦးဒီဇိုင်းများကို အသားပေးထုတ်လာကြသည်။

လင်းရှက Vision မဂ္ဂဇင်းကို ဂရုတစိုက်ဖွင့်ကာ စာရွက်အလယ်ကို ဖွင့်လိုက်သည်။ သူတို့ကုမ္ပဏီမှ ဒီဇိုင်းဓာတ်ပုံတစ်ခုကို တွေ့သောအခါ လက်နှင့်အသာပွတ်၍ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဟောပိုင်ကို ပြုံးပြလိုက်သည်။
" ဒီမဂ္ဂဇင်းက မင်းပုံကို သုံးထားပြန်ပြီအေ"

" တစ်ဖွဲ့လုံးကောင်းလို့ပါ"
ဟောပိုင်က ဘယ်တော့မှ တစ်ယောက်ထဲ နာမည်မယူတတ်ပေ။ သူ့ကိုချီးကျူးတိုင်း ပြုံးရုံသာ ပြုံးနေတတ်သည်။

လင်းရှက ထိုကောင်လေးကို မြတ်နိုးစွာ ကြည့်နေသည်။
" မင်းကလေ.. အမြဲတမ်း စကားချိုချိုလေးတွေပဲ ပြောတတ်တယ် .. အဲ့ဒါကြောင့်မို့ မင်းကို လူတိုင်းက ချစ်နေတာ.. ဆိုပါဦး အခုဘာတွေလောနေတာလဲ"

လင်းရှက သူ့စိတ်ကို သိနေသလို မေးလိုက်တော့ ဟောပိုင်က တွန့်ဆုတ်ဆုတ်နှင့် ရှက်သလိုလို ပြုံးကာ ကျောပိိုးအိတ်ထဲမှာ စာအိပ်အထပ်လိုက်ကို ထုတ်လိုက်သည်။
" တချို့လူတွေက ကျွန်တော့်ကို ဓာတ်ပုံရိုက်ပေးဖို့ ပို့ထားတဲ့စာတွေ.. အရင်ကတော့ ကျွန်တော် အမြဲတမ်းငြင်းခဲ့ပါတယ် ...အခု .... အားနာပေမဲ့ အမကို ဒီလိုကိစ္စတွေ ဖြေရှင်းခိုင်းလို့ ရမလားလို့ပါ"

Little Mermaid က ဖက်ရှင်ပိုင်းတွင် ရောင်းအားအကောင်းဆုံး ဖြစ်နေသည့်အတွက် လူတိုင်းနီးပါးက ဟောပိုင်နှင့် ဓာတ်ပုံရိုက်ရန် အချိန်တောင်းကြသည်။ ကျောင်းသားတစ်ယောက်ဖြစ်သည့်အတွက် ဟောပိုင်မှာ စာတစ်ဖက် အလုပ်တစ်ဖက်ဖြစ်နေရာ ဒီလိုကိစ္စမျိုးအတွက် အချိန်မပေးနိုင်။ ထို့အပြင် တစ်ခုကို လုပ်ပေးလိုက်ပါက တောင်းဆိုမှုများ ရပ်တော့မည်မဟုတ်။ တကယ်လို့ တစ်ယောက်ကို လုပ်ပေးပြီး ကျန်တစ်ယောက်ကို ငြင်းလိုက်ရင်လဲ မျက်နှာလိုက်သည်ဟု အပြောခံရဦးမည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now