Chapter 11- Milk Tea

7K 1.2K 43
                                    

Unicode

" ကျွန်တော့်ကို အပြစ်မတင်နဲ့.. ခင်ဗျား သိရဲ့သားနဲ့"
ထိုသို့တွေးရင်း ဟောပိုင်က လက်ဆန့်ကာ တိချိုးဟယ် ၏ ဖြန့်ထားသော လက်ပေါ် ထပ်ဖြန့်လိုက်သည်။

" အဲ့ဒါဆို ကျွန်တော့် ကျောင်းသားကတ် ပြန်ပေးလေ..."

တိချိုးဟယ်က တည်တင်းနေသော အမူအရာနှင့် သူ့လက်ပေါ်မှ လက်သေးသေးလေးကို ကြည့်သည်။ ဒီကောင်လေးက တကယ့်ကို ခွေးကောင်လေးပဲ... လက်ကလဲ သူ့ထက်သေးတယ် ပါးချိုင့်လေးနဲ့..အရပ်က သူ့ထက် ခေါင်းတစ်ဝက်လောက် ပုသေး။

ဟောပိုင်က တိချိုးဟယ်ဆီမှ ဘာစကားသံမှ မကြားရတော့၍  သူ့အကြံ အောင်မြင်သွားပြီဟုထင်ကာ ပါးချိုင့်လေး ခွက်ဝင်သွားအောင် ပြုံး၍ လက်ပြန်ရုတ်ပြီး တိုးတိုးလေး ပြောလိုက်၏။
" ရုပ်ရှင်ဧကရာဇ်ကြီး... ကျွန်တော်တို့ ရန်ပွဲက ဘယ်လိုမှ ပြီးနိုင်မှာမှ မဟုတ်တာ... ကျေပြီလို့ သတ်မှတ်လိုက်ရအောင်... ဟုတ်ပြီလား"

" ကျေပြီလို့ သတ်မှတ်ရမယ်..."
တိချိုးဟယ်က မျက်ခုံးပင့်ကာ သူ့သရုပ်မှန် ပေါ်မည်ကို မကြောက်မရွံ့နှင့် ခေါင်းယမ်းရင်း ပြောလိုက်၏။
"မရဘူး... လုံးဝပဲ"

ဟောပိုင်က တိချိုးဟယ်၏ အေးစက်စက်မျက်လုံးများကို ကြည့်ကာ တန့်သွားသည်။ လမ်းကြားလေးထဲ သူတို့တွေ့ခဲ့သော နေ့က ခံစားလိုက်ရသော မထင်မရှား ခံစားချက်တချို့ ပေါ်လွင်လာလေသည်။

သူ့ရှေ့မှ ထိုလူ၏ မျက်ဝန်းအကြည့်မှာ နူးညံ့နေရာမှ သိမ်မွေ့နေဆဲပင်။ သို့သော် မျက်နှာအမူအရာ... စကားပြန်ပြောသောအသံ... အေးစက်နေသော ကိုယ်နေဟန်တို့က သူနှင့် လားလားမှ မလိုက်ဖက်...ဟောပိုင် သူ့ရှေ့မှ လူကို သေချာကြည့်ရင်း မျက်ခုံးတွန့်ကာ Milk Tea ဘူးကို ညှစ်လိုက်မိသည်။
" ရုပ်ရှင်ဧကရာဇ်ကြီး... ခင်ဗျား အဲ့လိုလုပ်တာ မသင့်တော်ပါဘူး... ခင်​ဗျားက လူတွေရှေ့မှာ ခင်ဗျားရဲ့ ပုံရိပ်ကို ထိခိုက်စေမဲ့အရာမျိုး မလုပ်သင့်ဘူးလေ..."

ဒီလူရဲ့ နူးညံ့မှုနဲ့ ယောကျ်ားဆန်ဆန် ညင်သာမှုတွေက ဘယ်ရောက်ကုန်တာလဲ.. အဲ့ဒါတွေ အကုန်လုံးက အတုတွေပဲလား... အဲ့ဒါကြောင့် ဒီလူက ထူးဆန်းနေပုံပေါ်နေတာ... လက်စသတ်တော့ သူရဲ့ နူးညံ့မှုတွေက ဟန်ဆောင်ထားတာကိုး... တကယ်တော့ အမှိုက်လိုကောင်... အရင်တစ်ခေါက်က တွေ့တုန်းကတော့ သူ့ကိုယ်သူ ရုပ်ရှင်ဧကရာဇ် အစစ်လိုပဲ... ဘာလို့ ဒီတစ်ခါကျတော့ ဟန်မဆောင်တော့တာလဲ... တစ်လောကလုံးက သူ့ကို မ​ကြိုက်ကြတော့လို့ သူ့ကိုယ်သူ လက်လျှော့လိုက်တာလား...

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now