Chapter 31 - နှုတ်ထွက်စာ 3

4.6K 892 7
                                    

Unicode

သူမကို ယုံကြည်စွာ မော့ကြည့်လာသော မျက်လုံးများကြောင့် သူမအထက်လူကြီးစကားကို လီရု ပြန်ကြားယောင်မိသည်။ ခပ်ကြာကြာလေး စဥ်းစားပြီးနောက် သက်ပြင်းချလိုက်သည်။
"ဟောပိုင်... လက်မှတ်မထိုးခင် စာချုပ်က အကြောင်းအရာတွေကို မင်း နားလည်ဖို့လိုတယ်... အခု weibo မှာ နာမည်ကြီးနေတဲ့အကြောင်းအရာတွေက တို့တွေ တွေးလို့မရနိုင်အောင် အပြောင်းအလဲ မြန်လွန်းတယ်.. မင်းရဲ့ လက်ရှိ အောင်မြင်မှုကို ထိန်းထားနိုင်ရင်တော့ ကုမ္ပဏီအတွက်ရော မင်းရော အဆင်ပြေတာပေါ့... တကယ်လို့ အောင်မြင်မှုကို မထိန်းထားနိုင်ဘူးဆိုရင် ကုမ္ပဏီကလဲ တခြားအစီအစဥ်တစ်ခုနဲ့ မင်းကို ထောက်ပံ့ရမှာပေါ့..

ရိုးရိုးသားသားပြောရမယ်ဆိုရင် ဆယ်နှစ်စာချုပ်ဆိုတာက မင်းအောင်မြင်လာတဲ့အတွက် ကုမ္ပဏီက မင်းကို ငါးစာချပြီး မျှားလိုက်တာပဲ.. တကယ်လို့ မင်းကို ရင်းနှီးမြှုပ်နှံလိုက်လို့ အကျိုးအမြတ်ကောင်းကောင်းမရဘူးဆိုရင် ကုမ္ပဏီက မင်းကို စောစောကလောက် လစာပေးတော့မှာမဟုတ်ဘူး... တစ်နှစ်တာ အလုပ်သင်ကာလဆိုတာက တစ်နှစ်အတွင်း ကုမ္ပဏီမျှော်မှန်းသလောက် မင်း လုပ်မပေးနိုင်ရင် သူတို့က မင်းကို သူတို့ကြိုက်တဲ့နေရာ ရွှေ့ပစ်မှာပဲ.."

" ရှင်းရှင်းပြောရင် တစ်ခုခုမကောင်းဖြစ်ရင်တော့ ကျွန်တော်ပဲ အကုန်လုံး ခံရမယ်.. ကောင်းတာဖြစ်လာရင်တော့ ကုမ္ပဏီက အကျိုးအမြတ်အကုန်ယူမယ်ပေါ့"

ဟောပိုင်မှာ နောက်ဆုံးမှပင် " Saint Elephant ရဲ့ သူဌေးက အရမ်းကောင်းတဲ့သူတော့ မဟုတ်ဘူး... စာချုပ်တွေ လက်မှတ်ထိုးရင် သတိထား"
ဟူသော တိချိုးဟယ်စကား၏ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားလည်သွား၏။ ထိုကဲ့သို့သော တရားမျှတမှုကင်းသည့် စာချုပ်မှာ အတော်လေးဆိုးရွားလှ၏။

" မမလီ"
ဟောပိုင်က စာချုပ်ကို ပိတ်ကာ ပထမဆုံးအကြိမ်အဖြစ် လီရုကို ငြင်းပယ်လိုက်သည်။
" ကျွန်တော် ဒီစာချုပ်ကို လက်မှတ်ထိုးရလောက်အောင်အထိတော့ မအသေးပါဘူး...ကျွန်တော် Saint Elephant မှာ ရှိနေခဲ့တဲ့ အတောအတွင်း မမရဲ့ ယုံကြည်အားပေးမှုတွေကို တကယ်ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ အောင်မြင်မှုဆိုတာ ကျွန်တော့်အတွက်တော့ ရေပွက်လေးလိုပါပဲ... အွန်လိုင်းပေါ်က အောင်မြင်မှုထက် အစွမ်းအစနဲ့ပဲ ကြိုးစားပြီး ကျွန်တော် အောင်မြင်အောင် လုပ်မှာပါ..."

OUR❤️ ( One Useless Rebirth) 1Onde histórias criam vida. Descubra agora