Chapter 97 - Chicken Soup For The Soul 3

3.4K 695 13
                                    

Unicode

" ဒါပေမဲ့ အစောကြီးပဲ ရှိသေးတာကို.. အိပ်မပျော်ဘူးလို့"
တိချိုးဟယ်က အနိုင်ကျင့်ခံလိုက်ရသည့်ကလေးတစ်ယောက်လို မျက်လွှာချရင်း ဆူပုတ်နေတော့သည်။

ကြယ်သီးပြုတ်နေသော အင်္ကျီအောက်မှ ညှပ်ရိုးတစ်စုံကို မီးရောင်မှိန်မှိန်အောက်တွင် မြင်လိုက်သော အနိုင်ကျင့်သူကြီး ဟောပိုင်မှာ လက်နှင့်ယပ်ခတ်ရင်း စိတ်ငြိမ်အောင် ထားနေရသည်။ ထို့နောက် ထထိုင်ကာ စောင် ဆောင့်ဆွဲ၍ တိချိုးဟယ်ပေါ် အုပ်၍ လှဲချကာ အတင်းဖက်ထားလိုက်သည်။
" ဟိုးရှေးရှေးတုန်းက တောင်ကြီးတစ်တောင်ပေါ်မှာ..."

တိချိုးဟယ်က ဟောပိုင်ကိုယ်လုံးကို အတင်းပြန်ဖက်ကာ တောင်းဆိုလိုက်ပြန်သည်။
" အဲ့ပုံပြင်က ကြားဖူးပြီးသားကြီး.. တခြားဟာပြောပြ"

" ဟိုးရှေးရှေးတုန်းက ရွာလေးတစ်ရွာမှာ...."

" ကိုယ့်အသက်ပဲ နှစ်ဆယ့်သုံးနှစ်ရှိနေပြီ.. အခုခေတ် ပုံပြင်ပဲ နားထောင်ချင်တာ"

ဟောပိုင်က ခဏရပ်လိုက်ပြီး မဖြစ်နိုင်သော တောင်းဆိုမှုတွေ လုပ်နေသော်လဲ ကလေးကဲ့သို့ မျက်လုံးဝိုင်းဝိုင်းလေးများ လက်နေသည့် တိချိုးဟယ်ကို ကြည့်ရင်းက စိတ်လျှော့လိုက်သည်။
" တစ်ခါတုန်းက ဟောပိုင်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်...."

တိချိုးဟယ်လဲ အံ့အားသင့်သွားကာ မနှောင့်ယှက်တော့။

ဟောပိုင်က ငြိမ်သွားသည့် တိချိုးဟယ်ကို မျက်စောင်းတစ်ချက်ထိုးကာ ပုံပြင်ကို ဆက်သည်။

မိဘများ၏ အုတ်ဂူကို သွားမလည်ခင် သူ့မိဘတွေနှင့် မတွေ့ဖြစ်တာ အတော်လေးကြာခဲ့ပြီဖြစ်၏။ ဒီဘဝကို ပြန်ရောက်လာတုန်းကဆိုရင် တစ်ခါမှပင် မရောက်ဖြစ်ခဲ့။ ထို့ကြောင့် သူ အတိတ်ကို မေ့ထားသလို ဖြစ်နေခဲ့သည်။ တကယ်လို့ သူ့အတိတ်​အကြောင်းက တိချိုးဟယ်ကို ငြိမ်သွားစေမယ်ဆိုပါက ဘိုးဘေးဘီဘင်အကြောင်းကိုပါ ပြောရလဲ သူ အဆင်ပြေ၏။

အခန်းက တိတ်ဆိတ်နေ၏။ သူ့ကိုဖက်ထားသော တိချိုးဟယ်၏ ခန္ဓာကိုယ်က နွေးထွေးနေသည်။ အတိတ်ကို ပြန်သတိရတော့ ဟောပိုင် အသံတို့ တိုးညင်းသွားသည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now