Chapter 85- fuxxxk 2

4K 708 13
                                    

Unicode

တိချိုးဟယ်တစ်ယောက် ​ကျောက်ရုပ်ကဲ့သို့ ရပ်ကာ တုန်လှုပ်သွား၏။
" မင်း.. မင်း ဘာလုပ်မလို့လဲ"

ဟောပိုင်က ဟက်ခနဲ တစ်ချက်ရယ်ကာ လက်တစ်ဖက်နှင့် အင်္ကျီကော်လာကို ဆုပ်ရင်း ကျန်လက်တစ်ဖက်က တိချိုးဟယ်၏ ခါးပေါ်တင်ရင်း ရှပ်အင်္ကျီထဲသို့ လက်လျှိုဝင်လိုက်သည်။ တိချိုးဟယ် တစ်ချက်တုန်သွားသည်ကို ခံစားမိတော့ လက်ချောင်းလေးများကို ကွေးကာ တိချိုးဟယ်၏ အတွင်းကြွက်သားများကို ကိုင်ကြည့်ရင်း နောက်ဆုံးတော့ သူက တိချိုးဟယ် ခန္ဓာကိုယ်ပေါ်ရောက်လာသည်။ ထို့နောက် ကျေကျေနပ်နပ်ပြုံးလိုက်သည်။
" ကြွက်သားရှိတိုင်း ပါဝါရှိတယ်လို့ ခင်ဗျားကို ဘယ်သူက သင်ပေးလိုက်လို့လဲ.. ကျွန်တော့်ကို လာစရဲတယ်.. ချာတိတ်လေးရာ.. ခင်ဗျား ဘယ်လိုလူနဲ့ ရင်ဆိုင်နေရတယ်ဆိုတာရော သိရဲ့လား"

စကားပြောလိုက်တိုင်း လှုပ်ရှားနေသည့် ဟောပိုင်၏ Adam's Apple လေးက သူ့နှုတ်ခမ်းနားမှာ အထက်အောက် ရွေ့လျားနေသည်။ သူ့ခန္ဓာကိုယ် နည်းနည်းပြင်လိုက်သည်နှင့် အနှီခွေးပေါက်လေးကို နမ်းလို့ ရနေသည်အထိ သူတို့နှစ်ယောက် နီးကပ်လွန်းနေ၏။ ဟောပိုင်က လက်ချောင်းလေးတွေနှင့် သူ့ကိုယ်ပေါ် လျှောက်ကစားနေပြီး သူတို့နှစ်ယောက်၏ ခြေထောက်တို့က ထိကပ်နေကြသည်။ တိချိုးဟယ်က နားရွက်လေးများ ရဲလာပြီးနောက် လည်ပင်းနှင့် ပါးမို့များပါ ရဲတက်လာကြသည်။

သူ စိတ်လှုပ်ရှားနေသည်ကို ဟောပိုင်သတိထားမိမည်စိုး၍ တိချိုးဟယ်က သူ့ဗိုက်ပေါ် တက်ထိုင်နေသော ဟောပိုင်ကို လှုပ်မရအောင် အတင်းဆွဲချုပ်လိုက်သည်။ ထို့နောက် ဟောပိုင်အင်္ကျီထဲ လက်ထည့်ကာ အတွင်းသားလေးများကို ညှစ်နေသည်။
" ဒီနေ့တော့ မင်းကို ဆုံးမမှ ရတော့မယ်နဲ့တူတယ်"

ဟောပိုင်က အတင်းရုန်းနေရင်းက ပြန်အော်သည်။
" အရူးကောင်.. ကျွန်တော် မယားတတ်ဘူး.. လွှတ်နော်"

ဟောပိုင်၏ အသားအရည်မှာ နူးညံ့ချောမွေ့၍ နေသည်။ လေ့ကျင့်ခန်းတစ်ခါမှ မလုပ်သည့်အတွက် ပျော့ပျောင်းနေသော အသားတို့မှာ တိချိုးဟယ်၏ တောင့်တင်းနေသော ကြွက်သားစိုင်များနှင့် အကွာကြီး ကွာလျက်ရှိသည်။ ဟောပိုင်ကို အသက်ရှူကြပ်အောင် လုပ်မိသွားပြီဟု သူ နားလည်လိုက်သော်လဲ ဘာမှမလုပ်နိုင်တော့။ သူ့စိတ်ထဲတွင် ဆန္ဒရှိသည့်အတိုင်း ခါးသွယ်သွယ်လေးကို လက်နှစ်ဖက်နှင့် ဆွဲညှစ်လိုက်၏။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now