Chapter 25 - three in one part 3

4.5K 964 23
                                    

Unicode

ဟောပိုင်: ခင်ဗျား အဆင်ပြေရဲ့လား.. ဆေးစွဲနေတယ်ဆိုတာကရော ခင်ဗျားလွှင့်တဲ့သတင်းပဲမလား.. ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားလို့လဲ...

တိချိုးဟယ်: ပါပီလေး ကိုယ့်ကို လွမ်းနေတာလား...

ဟောပိုင်: ...

ဟောပိုင်: အရင် စိတ်ငြိမ်အောင် နေလိုက်ဦး... ပြီးမှ ဆက်ပြောတော့မယ်

ဟောပိုင်က မျက်နှာသေကြီးနှင့် ဖုန်းကို အံဆွဲထဲ ထည့်ကာ ကွန်ပျူတာကို ပိတ်၍ စာထဲ စိတ်နှစ်နေလိုက်သည်။

နာရီဝက်လောက်ကြာတော့ မနေနိုင်တော့သည်နှင့် ဖုန်းပြန်ထုတ်ကာ Weibo ထဲ ဝင်ကြည့်ပြန်၏။

ဟောပိုင်: ခင်ဗျား အဲ့ကိစ္စကိုကျဘယ်လိုဖြေရှင်းမှာလဲလို့... ခင်ဗျားရဲ့weibo အကောင့်ကို ဖျက်လိုက်ရုံနဲ့ ပြီးမှာတဲ့လား...

Weibo ပေါ် ပြန့်နေသော သတင်းအားလုံးက တိချိုးဟယ် ဖန်တီးထားသည်ကိုလဲ သူသိသည်။ အနစ်နာခံခဲ့ရသော သူများအားလုံးကိုလဲ တိချိုးဟယ် ချုပ်ကိုင်နေသည်ကို သူသိနေတာတောင်မှ စိတ်ပူနေခြင်းကို တားမရပေ။

တိချိုးဟယ်: မင်း ကိုယ့်အတွက် စိတ်မကောင်းဖြစ်နေတာလား....

ဟောပိုင်က စိတ်ငြိမ်အောင် ရေအေးအေးလေး သောက်ရမည်ဟု တွေးလိုက်၏။

တိချိုးဟယ်: ကိုယ့်ကို ထပ်ပြီး ပစ်ထားဦးမှာလား...

တိချိုးဟယ်: ပါပီလေး... မင်းက အရမ်းရက်စက်တတ်တာပဲ...

တိချိုးဟယ်: သတင်းတွေက မကြာခင် ငြိမ်သွားတော့မှာပါ..

တိချိုးဟယ်: ကိုယ့် weibo အကောင့်ထဲ ဝင်ကြည့်ကြည့်လေ...

ဟောပိုင်က ကြောင်သွားကာ weibo ထဲ ဝင်ရန် ကွန်ပျူတာပါ ဖွင့်လိုက်၏။

တိချိုးဟယ်၏ အကောင့်ထဲ သွားကြည့်တော့ ရက်ပေါင်းများစွာ ပို့စ်အသစ်မတက်ပဲ ဗီဒီယိုလေးတစ်ခုတက်နေသည်ကို တွေ့လိုက်ရသည်။

ထိုဗီဒီယိုလေးကို မျှားနှိပ်လိုက်၏။

" အားလုံးပဲ မင်္ဂလာပါခင်ဗျ... ကျွန်တော်က ဟွမ်ဒူကုမ္ပဏီ ဥက္ကဋ္ဌတိဘီရန်ရဲ့ သားအကြီးဆုံး တိချိုးဟယ်ပါ..ဟွမ်ဒူရဲ့ သရုပ်ဆောင်ဟောင်း ဟွမ်ဒူနဲ့ လက်တွဲသရုပ်ဆောင်ဖူးသူလဲ ဖြစ်ပါတယ်....

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now