Chapter 105- Frightmare 2

3.3K 644 8
                                    

Unicode

" ဆရာဝန် သွားခေါ်လိုက်"
ချင်းမင်းချန်က အေးအေးဆေးဆေး ထရပ်ကာ ပြောလိုက်သည်။ ဟူကျောက်နှင့် တိချိုးဟယ်ကို ရင့်ရင့်သီးသီးကြည့်ကာ အံကြိတ်ထား၏။
" ဒီနေ့ ချင်းမိသားစု အရှက်ကွဲခဲ့သလို မင်းတို့ ပြန်ပေးဆပ်ရလိမ့်မယ်"

တိချိုးဟယ်က မျက်နှာအမူအရာပင် တစ်ချက်မပြောင်းပဲ ပြန်မေးလိုက်သည်။
" အနာဂတ်မှာ ချင်းမိသားစု ရှိနေသေးမယ်လို့ ခင်ဗျားကို ဘယ်သူပြောလိုက်တာလဲ"

ချင်းမင်းချန်က သူ့စကားကြောင့် နင်သွားကာ ဒေါသထွက်သွားပေမဲ့ အေးဆေးချင်ယောင်ဆောင်၍ ရဲအုပ်ကိုတွန်းဖယ်ကာ လူနာခန်းထဲမှ ထွက်သွားသည်။ ချင်းရုန်နှင့် ချင်းလီကလဲ တိချွန်းဟွာကို မနည်းဆွဲကာ ခေါ်သွားရသည်။

ရဲအုပ်က အတွန်းခံလိုက်ရသော နေရာကို ဖုန်တစ်ချက်ခါ၍ ရှေ့နေဝမ်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့လက်အောက်မှ ရဲတချို့နှင့် လိုက်သွား၏။

ဗီလိန် ထွက်သွားပြီဖြစ်၍ ဒရာမာတွေ ပြီးလုဆဲဆဲ ဖြစ်နေသည်။

ရှေ့နေဝမ်က တိချိုးဟယ်၏ သဘောထားကို မေးမြန်းကာ ဆွေးနွေး၏။ နောက်ဆုံးတော့ သူတို့ အဖွဲ့သုံးဖွဲ့ ခွဲလိုက်ကြသည်။ တစ်ဖွဲ့က ရဲတွေနှင့် လိုက်ကာ ချင်းလီနှင့် တိချွန်းဟွာတို့ထံမှ စစ်ဆေးချက်ကို နားထောင်ရန်.. နောက်တစ်ဖွဲ့က တိအိမ်ကို လိုက်သွားကာ သက်သေရှာရန်နှင့် နောက်ဆုံးတစ်ဖွဲ့ကတော့ Huangdu မှ တိဘီရန်ယုံကြည်ရသည့် ဝန်ထမ်းများကို တိုးတိုးတိတ်တိတ် သတင်းပို့ကာ ဒုဥက္ကဋ္ဌ လျို့ကို ခဏတာ ကုမ္ပဏီဦးစီးခိုင်းလိုက်သည်။

၁၅မိနစ်မပြည့်ခင် အချိန်အတွင်း အလျှိုလျှိုထွက်သွားကြရာ လူနာခန်းတစ်ခန်းလုံး တိတ်ဆိတ်လျက် ကျန်ခဲ့သည်။

လူတွေအကုန်ထွက်သွားပြီးတော့မှ ဆရာဝန်များလဲ ဝင်ကာ စစ်ဆေးပေးကြသည်။ ထို့နောက် ပြန်ထွက်သွားကြ၏။

ဆရာဝန်တွေ ပြန်သွားပြီးတော့ တိချိုးဟယ်က လက်ထောက်ဝမ်နှင့် ဟူကျောက်ကို စားစရာဝယ်ခိုင်းလိုက်သည်။ ထို့နောက် လူနာခန်းတံခါးကို ပိတ်ကာ ဟောပိုင် နွေးသွားစေရန် ရေနွေးတစ်ခွက် ငှဲ့ပေး၏။ ထိုင်ခုံအသေးလေးတစ်လုံးယူကာ ဟောပိုင်ရှေ့ သွားထိုင်ရင်း ပြုံးကြည့်နေသည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now