Chapter 110 - Blocking 3

3.2K 666 32
                                    

Unicode

ဟောပိုင်က မျက်မှောင်ကြုံ့ကာ တစ်ချက်ကန်လိုက်သည်။

တိချိုးဟယ်က ဆူပုတ်နေသည့်မျက်နှာလေးကို တစ်ချက်ဆွဲညှစ်နေသည်။ ထိုအချိန် သူ့ဖုန်း မြည်လာသည်။

တိချိုးဟယ်က ခဏရပ်ကာ ဖုန်းထုတ်ကြည့်လိုက်တော့ သူ့မျက်နှာ အပြုံးလေး ပျောက်ကွယ်သွား၏။
" တိဘီရန် ဆက်တာ"

ဟောပိုင်က မျက်မှောင်ကြုံ့၍ ဖုန်းဆွဲလုကာ ချရန်ပြင်သည်။

တိချိုးဟယ်က ခပ်မြန်မြန်တားကာ ခေါင်းခါပြသည်။
" ခွေးပေါက်လေး.. မင်း သူ့ကို မုန်းတယ်မဟုတ်လား"

ဟောပိုင်က ခေါင်းညိတ်ကာ ခပ်တိုးတိုးလေး ဆဲလိုက်သည်။
" သေသင့်တယ်.. ကျက်သရေတုံးကြီး"

" ဖုန်းချပြီး အပြစ်ပေးတာက သူ့အတွက် အရမ်းမပေါ့လွန်းဘူးလား"
တိချိုးဟယ်က ဟောပိုင်လက်ကို လွှတ်ပေးကာ ပြုံးလိုက်သည်။ ထို့နောက် ဖုန်းကိုင်၍ စပီကာဖွင့်သည်။

" အင်တာနက်ပေါ်မှာ တင်ထားတာ ဘာသဘောလဲ ချိုးဟယ်... မင်းနာမည်ကိုသုံးပြီးတော့ မင်းကျောင်းက ကောင်လေးတစ်ယောက်တင်ထားတာဖြစ်မယ်.. သူ အရမ်းလွန်သွားပြီ.... သူ တင်ထားတာတွေ အကုန်လုံး ဖျက်ခိုင်းလိုက်... သူနဲ့လဲ ချက်ချင်းအဆက်အသွယ်ဖျက်.."
တိဘီရန်၏ ဒေါသတကြီး တရစပ်အော်သံထွက်လာသည်။ ကျန်းမာနေသည့်ပုံပဲ...

လက်သီးဆုပ်ထားရင်းက ဟောပိုင်က ဖုန်းကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ကြည့်နေသည်။

တိချိုးဟယ်က ချက်ချင်းပြုံးလိုက်ကာ မျက်နှာရဲရဲလေးကို ဆွဲညှစ်နေသည်။
" ခင်ဗျား တစ်ခုခုတော့ မှားနေပြီထင်တယ် ဦးလေးတိ.. အင်တာနက်ပေါ်မှာ တင်တာ ကျွန်တော့်သူငယ်ချင်းမဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်ပါပဲ.. ကျွန်တော့် လက်မှတ်ပါတယ်လေ .. စစ်ကြည့်လိုက်ပါဦး"

ဟောပိုင်က လက်ကိုဆွဲဖယ်၍ အသံတိတ်ဆဲနေသည်။ သူ့အပြုအမူကြောင့် တိချိုးဟယ်က ရယ်နေသည်။ စောစောက မျက်နှာမကောင်းတာ သူ မဟုတ်တော့သည့်အတိုင်း။

အသံလုံးဝတိတ်သွားပြီးမှ တိဘီရန် အသံထွက်လာနိုင်သည်။
" မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာ.. ချိုးဟယ်.... မင်း ဘာလို့..."

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now