Chapter 103- Crack the Whip 3

3.1K 646 15
                                    

Unicode

ချင်းမင်းချန်က လေသံအေးအေးနှင့် အသက်ကြီးသည်ကို အခွင့်ကောင်းယူကာ ဝင်ပြောဖို့ ကြိုးစားနေသည်။
" ဟုတ်ပါတယ် မင်းအမေကလဲ..."

" အားနာပါတယ်.. ကျွန်တော့်အမေက ဆုံးပါးသွားတာ ဆယ်နှစ်ကျော်ပါပြီ"
တိချိုးဟယ်က အကြီးဆိုသည့် မျက်နှာကို မထောက်တော့ပဲ ခပ်အေးအေးနှင့် တည့်တိုးပြောလိုက်သည်။
" ချင်းဖိုးဖိုးက Huangdu ကို အန်တီချင်းကို ဦးစီးစေချင်မှန်း ကျွန်တော်သိပါတယ်.. ကျွန်တော် အားနာပေမဲ့ အဲ့လိုဖြစ်လာမှာ မဟုတ်ပါဘူး... ရိုက်ကွင်းကနေ ဘယ်သူမှ မသိအောင် ကျွန်တော်ပြန်လာရတဲ့ အကြောင်းရင်းက ကျွန်တော့်အဖေ ဖုန်းခေါ်လို့ပါ... ဒေါသထွက်နေတဲ့လေသံနဲ့ အဖေကွာရှင်းတော့မယ်ဆိုတဲ့အကြောင်းပြောလို့.. သူ့လေသံက ပြတ်သားနေခဲ့တာ.. အဖေ ဘာလို့ ဒီလိုအလောတကြီးဆုံးဖြတ်လဲတော့ ကျွန်တော်မသိဘူး.. ဒါပေမဲ့ ကျွန်တော် မြို့ကိုပြန်ရောက်ရောက်ချင်း ကျန်းကျန်းမာမာနဲ့ အလုပ်လုပ်နေနိုင်သေးတဲ့ အဖေက ဘယ်လောက်မှ မမတ်တဲ့ ကော်ဇောခင်းထားတဲ့ လှေကားပေါ်က ချော်ကျတာ အသက်အန္တရာယ်အထိ စိုးရိမ်ခဲ့ရတယ်.. အကြီးအကဲ ချင်း... ကျွန်တော့်မှာ ပျာယာခတ်ခွင့် ရဲခေါ်ပိုင်ခွင့် မရှိဘူးလို့ ပြောချင်တာလား"

ရှေ့နေများက သူ့စကားကြောင့် အထိတ်တလန့်ဖြစ်သွားကြသည်။  ဥက္ကဋ္ဌကြီးက ကွာရှင်းချင်တယ်တဲ့.. ဒီလိုသတင်းမျိုးက...

ချင်းမင်းချန်က သူ့စကားနှင့်သူ ချောင်ပိတ်မိကာ ဘာမှပြန်မပြောနိုင်၍ မျက်နှာပျက်နေသည်။

" ပြီးတော့လဲ"
တိချိုးဟယ်က ချင်းလီကို စိတ်ပျက်နေသည့်မျက်နှာနှင့် ကြည့်ကာ လေသံတိုးတိုးနှင့် ဆက်ပြောသည်။
" ကျွန်တော့်အဖေက ပြောသေးတယ် ကျွန်တော့်ကို မကောင်းတဲ့ ကောင်တစ်ကောင်အတွက်ကြောင့်နဲ့ ပစ်ထားမိခဲ့လို့ တောင်းပန်ပါတယ်တဲ့.. ကျွန်တော်မေးပါရစေဦး အန်တီချင်း မကောင်းတဲ့ကောင်က ဘယ်သူလဲ သိလား"

ချင်းလီမျက်နှာက အတော်လေးပျက်ယွင်းနေ၏။ အနောက်တစ်လှမ်းဆုတ်လိုက်ပေမဲ့ ထိုင်ခုံနှင့် တိုက်မိသွားသည်။
" မဖြစ်နိုင်တာတွေ.. မင်းအဖေ ဆေးရုံရောက်တာကို အခွင့်​ကောင်းယူပြီး ရှေ့နေတွေခေါ်လာ ရဲတွေခေါ်လာနဲ့ နင် ငါ့ကို ထိုးနှက်ဖို့ ကြံစည်နေတာ .. နင့်ရဲ့ ရွံစရာကောင်းတဲ့ ဟန်ဆောင်မှုတွေကို ငါ ငြီးငွေ့နေပြီ သိရဲ့လား သေချင်းဆိုးကောင်ရဲ့"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now