Chapter 62 - ဝိုင်သုံးခွက် ပြစ်ဒဏ် 1

3.8K 742 18
                                    

Unicode

ထိုသို့ဖြင့် တိချိုးဟယ် wechat နှစ်ကောင့်လုံး ဟောပိုင်၏ block ခြင်းကို ခံလိုက်ရလေသည်။

" အဲ့ဒါဆို မင်းဆိုလိုချင်တာက .."
ကျန်းရှိုးဝမ်က တိချိုးဟယ်စကားကို သေချာနားထောင်ပြီးနောက် သတိထား၍ မေးလိုက်သည်။
" မင်း သူ့ကို ချစ်နေတယ်လို့ မင်း သဘောပေါက်ပြီးနောက်ပိုင်း သူကိုဖွင့်ပြောဖို့ အခွင့်အရေး မရသေးဘူးပေါ့.. ပြီးတော့ သူနဲ့ ပြတ်သွားတယ်ဆိုတာကရော ဘာပြောချင်တာလဲ"

Bang!!

တိချိုးဟယ်က သဲအိတ်ကို တစ်ချက်ပြင်းပြင်းထိုးချလိုက်ပြီး လက်အိတ်များကို ဆွဲချွတ်သည်။ ထို့နောက် ဘေးနားတွင် ချထားသော ဖုန်းကို ကောက်ကိုင်၍ စပီကာပိတ်ကာ နားနားကပ်လိုက်၏။
" အင်း.. ငါကတော့ ဒီတိုင်း ရာသီအကူးအပြောင်းကြောင့် ဖျားတာလို့ ထင်နေခဲ့တာဆိုတော့..."

ကျန်းရှိုးဝမ် : ငါ .. ငါ ရှင်းပြလို့ ရပါတယ်ကွာ...

" ရတယ်လေ ရှင်းစမ်းပါဦး"
တိချိုးဟယ်က မြေကြီးပေါ် ထိုင်ချ၍ နဖူးမှ ချွေးများကို သုတ်လိုက်သည်။ ထို့နောက် ညင်သာသော အသံနှင့် ခြိမ်းခြောက်လေ၏။
" ငါ့ကို ထပ်ပြီး အရူးလုပ်လို့ကတော့ စားထားတဲ့အသီးတွေ ပြန်အန်ထွက်တဲ့အထိ ဆောင့်ကန်မှာနော်"

"..."
အသည်းကွဲခြင်းက သူ့သူငယ်ချင်းကို လူဆိုးအဖြစ် ပြောင်းလိုက်ပြီထင်ပါသည်။ ပုံမှန်ဆို သူ့ကို မျက်လုံးနှင့်သာ စိုက်ကြည့်ပေမဲ့ အခုတော့ စကားလုံးတွေနှင့်တောင် ခြိမ်းခြောက်လာနေသည်။

" ရှင်းမယ်ဆို ရှင်းလေ.. မင်း ငါ့ကို မကူညီချင်ဘူးမလား"
တိချိုးဟယ်က မေးလိုက်သည်။

ထိုစကားကြောင့် ဖုန်းချရန် ဆင်ခြေရှာနေသော ကျန်းရှိုးဝမ်တစ်ယောက် တုန်သွားကာ ရယ်သံနှင့် ပြန်ပြောသည်။
" မင်းကလဲကွာ... ငါတို့က ငယ်ငယ်ထဲက ပေါင်းလာတဲ့ သူငယ်ချင်းတွေပဲဟာ... ဟို .. ဟိုကိစ္စကတော့ ငါ ငါလဲ လန့်သွားလို့ပါ.. ငါ ရှင်းပြမယ် ... မင်းက ယောကျ်ားအချင်းချင်း ကြိုက်တဲ့ပုံစံမျိုး တစ်ခါမှ မရှိဖူးသေးတော့ ငါလဲ ကြောင်နေတာပါ... ပြီးတော့ မင်းက ဘယ်သူနဲ့မှလဲ မတွဲဖူးသေးဘူးလေ.. အာ့ကြောင့် ငါက မင်း စိတ်ကစားတယ်လို့ ထင်နေတာ.. တကယ်လို့ အတုအယောင်ဆိုရင် ဘယ်လိုလုပ်မလဲ"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now