Chapter 46- ​မြေပြင်ပေါ်သို့ လိမ့်ကျခြင်း 1

3.7K 724 1
                                    

Unicode

အရင်ဘဝတုန်းကတော့ သူက ရှုခင်းပုံသက်သက်သာ ရိုက်သည့် ဓာတ်ပုံဆရာတစ်ယောက်ပင်။ သူ့ဘဝတစ်ခုလုံး ခရီးတွေ အဆက်မပြတ်သွားခဲ့သည်။ တောင်တွေတက်သည် မြစ်တွေဖြတ်သည် ပြီးတော့ ဝါသနာတူသူတွေနဲ့လဲ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်။ ပြောရမယ်ဆိုရင်တော့ သူ နာမည်စရလာတော့ စျေးကြီးကြီးပေးပြီးတော့ လက်ထောက်တစ်ယောက် ငှားခဲ့သည်။ ထို့ကြောင့် ဘယ်လိုပွဲမျိုးဖိတ်ဖိတ် သူ မတက်ခဲ့။ ဆုရခဲ့ရင်တောင်မှ လက်ထောက်က ရေးထားသည့် ကျေးဇူးတင်စကားကို ဝတ်ကျေတန်းကျေ ဖတ်ပြရုံလောက်နဲ့ပင် ပြီးခဲ့သည်။

အခုဆလိုက်မီးတွေက သူ့ကို ထိုးထားသည်။ သူ ခြေလှမ်းလှမ်းလိုက်တိုင်း သူ့နောက် လိုက်လာ၏။

စင်အောက်မှာ ရှိနေသည်က နာမည်ကြီး အဆိုတော် သရုပ်ဆောင်နှင့် အနုပညာရှင် အတော်များများ.. ပြီးတော့ အကြီးအကဲကျားနှင့် သူတို့မိသားစု.. အနုပညာလောက၏ အအောင်မြင်ဆုံးဆိုသော လူတွေအများကြီးစုနေခဲ့သည့်နေရာ.. ပြီးတော့ သူ့ထက် အရင် ဓာတ်ပုံလောကမှ အခြေကျနေခဲ့သူတွေလဲ ရှိနေသေးသည်။

ဟောပိုင်မှာ ပရိသတ်ကို တစ်ချက်ပင် ဝေ့မကြည့်ရဲခဲ့။ ထိုင်နေသူအားလုံးက သူ့ထက်အများကြီး သာနေသူချည်းသာ.. သူ ဘာပြောရမှာလဲ. ပြီးတော့ အခုချိန်မှာ သူက ဘာမှရှိသေးသူမဟုတ်

ကျားပေလေ့က ရပ်နေရင်းနှင့် သူ့ကို ပြုံးကြည့်နေသည်။ သူ့ကိုတစ်ခါမှ မမြင်ဖူးသည့် အစီအစဥ်တင်ဆက်သူကပင် ဖော်ဖော်ရွေရွေ ပြုံးပြနေသည်လေ။

ဟောပိုင်က စင်ပေါ်တက်ရင်း အောက်ကို တစ်ချက်ကြည့်လိုက်မိသည်။ ယဥ်ကျေးဖော်ရွေသော အပြုံးတုတစ်ခုကို ညှစ်ထုတ်ရင်း ကျားပေလေ့ကမ်းပေးသော လက်ကို လှမ်းယူလိုက်၏။ ထို့နောက် အစီအစဥ်တင်ဆက်သူပေးသော မိုက်ကို လှမ်းယူကာ လက်ဆွဲနှုတ်ဆက်လိုက်ပါသေးသည်။ ပရိသတ်ကို ကြည့်ကာ စိတ်ထဲမှ သူ့ကိုယ်သူ ဖြောင်းဖျနေသည်။

ဘာမှမဖြစ်ဘူး.. ဒီကလူတွေက ဘီလူးတွေလဲ မဟုတ်ဘူး ပို့စ်ပေးဖို့ရောက်နေတဲ့ မော်ဒယ်တွေ.. အခု ငါ့လက်ထဲကလဲ မိုက်မဟုတ်ဘူး ကင်မရာ.. အခုလုပ်ရမှာက အကောင်းဆုံးရှုထောင့်ကို ရှာဖို့ပဲ

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now