Chapter 122 - ကံကောင်းစေသော ပုတီးလုံးလေး 1

3.2K 645 22
                                    

Unicode

သူတို့နှစ်ယောက်လုံးက အရပ်အမောင်း သိပ်တော့မကွာ။ တိချိုးဟယ်က နည်းနည်းအရပ်ပိုရှည်သည်။ သို့သော် သူ့တို့ခေါင်းတစ်ဝက်လောက် အရပ်ပုသော ဟောပိုင်မှာ သူတို့နှစ်ယောက်လုံးကို မော့ကြည့်နေရ၍ အခက်တွေ့နေရရှာသည်။ တင်းကြပ်ကြပ်ဆုပ်ထားသော လက်နှစ်ဖက်နှင့် mask အုပ်ထားသော မျက်နှာနှစ်ခုကို မော့ကြည့်နေရင်းက ခြေနှစ်လှမ်းနောက်ဆုတ်လိုက်သည်။

ချလပ်...

လုပ်ဖော်ကိုင်ဖက်နှစ်ဦး အတူရိုက်သည့် ပထမဆုံးပုံပင်။

ဓာတ်ပုံအရိုက်ခံလိုက်ရတော့မှ တိချိုးဟယ်က လက်ကိုပြန်ရုတ်ကာ ဟောပိုင်ကို ခေါင်းစောင်း၍ ကြည့်သည်။ လက်ကို အင်္ကျီနှင့် သုတ်ကာ ဘာမှမဖြစ်ပါဘူးဟု ပြောချင်နေသည်။ ခွေးပေါက်လေးက သူ့ကို နွားတစ်ကောင်လို မိတ်ဆက်ပေးထားသည်ကို တွေးမိသွားသည့်အတွက် သူ့ခွေးပေါက်လေးကို အထင်မလွဲစေချင်။

တိချိုးဟယ် ဖြစ်ပျက်နေပုံကို ခန့်မှန်းမိတော့ ရှင်းရှောင်ဖုန်းက လက်ပြန်ရုတ်ကာ ကုတ်အင်္ကျီထဲ ထည့်၍ တိုးတိုးလေးပြောသည်။
" အကိုတိက ကျွန်တော့်လို လူနာမျိုးကို ရွံတတ်တယ် ထင်ပါရဲ့"

ဟောပိုင်က ရှင်းရှောင်ဖုန်းဘက် ကင်မရာရွှေ့လိုက်သည်။

တိချိုးဟယ်က မျက်မှောင်ကြုံ့ကာ ကင်မရာကို ကွယ်၍ ရှင်းရှောင်ဖုန်းကို ခပ်စိမ်းစိမ်းကြည့်နေသည်။

ရှင်းရှောင်ဖုန်းက တိချိုးဟယ် မျက်လုံးကို တည့်တည့်စိုက်ကြည့်သည်။ တစ်ခုခုကို သဘောပေါက်သွားပုံနှင့် mask ကို ချွတ်ကာ သူ့မျက်နှာကိုပြ၍ ခပ်မြန်မြန် ပြန်ဆွဲတင်လိုက်သည်။ ထို့နောက် သူ့ပုံစံကို တိချိုးဟယ် ဘယ်လိုတုံ့ပြန်မလဲ သေချာအကဲခတ်နေ၏။

ချောမောမှုတို့ လုံးဝရှိမနေသည့် အနာများ ဝက်ခြံများ အမာရွတ်များ ပြည့်နေသည့် မျက်နှာတစ်ခုပင်ဖြစ်၏။ ဆေးလူးထား၍ လန်နေသည့်အသာတို့က အဝါရောင်သန်းနေကာ ပုံမှန်လူဆို အန်ပေလိမ့်မည်။

တိချိုးဟယ်က စက္ကန့်ပိုင်းမျှသာ အံ့အားသင့်ကာ မျက်နှာချက်ချင်း ပြန်တည်သွား၏။ ရှင်းရှောင်ဖုန်းကို ထပ်၍ လက်ကမ်းပေးကာ တိုးတိုးလေးပြောလိုက်သည်။
" အကိုရှင်း.. ခုနကအပြုအမူက ဘာသဘောမှ မပါပါဘူး.. တောင်းပန်ပါတယ် .. မြန်မြန်နေကောင်းပါစေလို့ ကျွန်တော်စိတ်ရင်းနဲ့ မျှော်လင့်ပါတယ်"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now