Chapter 137 - What do you want for Christmas 2

3.2K 665 13
                                    

Unicode

ဟောပိုင်က ရိုးသားစွာ ခေါင်းညိတ်သည်။ ဒီနေ့ အလှည့်အပြောင်းတွေက နည်းမှ မနည်းပဲကိုး...

" တော်တော်ရိုးသားတဲ့ ကလေးပဲ"
ယွီဟွေ့က သူမလက်ထောက် ဝတ်ဆင်ပေးနေသည့် ဝတ်ရုံရှည်ကို ဆန့်နေရင်းမှ ဟောပိုင်ကို မျက်လုံးတစ်ဖက် မှိတ်ပြသည်။ ထို့နောက် သူမလက်ထောက်နှစ်ယောက်ကို အခန်းတစ်ဖက်ရှိ ဝန်ထမ်းနှစ်ယောက်အား ကွယ်ထားပေးရန် အချက်ပြကာ ဟောပိုင်ကို တိုးတိုးလေးပြောသည်။
" ချိုးဟယ်က ဒီမနက် အမကို ဖုန်းခေါ်တယ်.. ဒီနေ့ အရှက်အခွဲခံရနိုင်တဲ့ ဓာတ်ပုံဆရာအသစ်လေးကို ကူညီပေးပါဆိုပြီး တောင်းပန်တယ်.. သူနဲ့ သေချာမပြောရသေးဘူး ဒါပေမဲ့ သူက အခြေအနေတစ်ခုကို ကတိပေးတယ်.. ဒီနေ့ အမသာ မင်းကိုကူညီပေးရင် အမ စတူရီယိုမှာ ရှိနေတဲ့ သရုပ်ဆောင်တွေကိုလဲ သူ ကူညီပေးမယ်တဲ့.. အမအတွက်က အဖက်ဖက်က အကျိုးရှိတာပဲလေ"

"..."
နတ်ဘုရားမတစ်ပါးလို အထင်ကြီးနေသော ဟောပိုင်၏ စိတ်ထဲတွင် သူမ၏ ပုံရိပ်က နည်းနည်းလေး အက်သွား၏။

ယွီဟွေ့က ဟောပိုင်မျက်နှာအမူအရာကို သတိထားမိ၍ထင်သည်။ ပို၍တောင်ပြုံးကာ ငွေမက်သည့်မိန်းမကြီးလို တမင်လုပ်ပြလိုက်ပြီး မျက်လုံးလှန်ကြည့်ကာ ကလေးကို မစတော့ပဲ သေချာပြောပြသည်။
" Da Ze နဲ့ Huading တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကိုတော့ အမလဲ မသိဘူး.. ချိုးဟယ်ကို ကိုယ်တိုင်မေးလိုက်ပါလား.. "

ထို့နောက် ဟောပိုင် ဘာမှမငြင်းနိုင်ခင် သူမလက်ထောက်ထံမှ ဖုန်းကိုယူကာ တိချိုးဟယ်ကို ဖုန်းခေါ်သည်။

ဟောပိုင်က သူမကို တားရန် အချိန်မရလိုက်ပဲ မတ်တပ်ထရပ်မိသွား၏။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဝန်ခံပြီး ပထမဆုံးအကြိမ်ဖုန်းပြောကြခြင်းဖြစ်၏။

တိချိုးဟယ်က ချက်ချင်းပင် ဖုန်းကိုင်၍ ရင်းနှီးနေသော အသံအေးအေးလေး စပီကာထဲမှ ထွက်လာသည်။
" ဟဲလို မမဟွေ့.. ရိုက်ကူးရေး အဆင်ပြေရဲ့လား"

အသံက ချိုအီလွန်းနေ၍ ဟောပိုင် နားယားလာ၍ နည်းနည်းတောင် ကုတ်လိုက်ရသေးသည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now