Chapter 101- Crack the whip 1

3.4K 691 6
                                    

Unicode

တိချိုးဟယ်က ထိုစကားကြောင့် ရင်ထဲနွေးသွားကာ ဟောပိုင်ကို အလေးအနက် စိုက်ကြည့်သည်။ ရှေ့တစ်လှမ်းတိုးကာ ဟောပိုင်ကို ဖက်ထားရင်း သူ့ခေါင်းနှင့် တိုးဝှေ့ရင်း တိချိုးဟယ်က ပြန်ပြောသည်။
" သေချာတာပေါ့.. ကိုယ် မင်းအနားကနေ ဘယ်ကိုမှ မထွက်သွားဘူး"
မင်းနဲ့ တစ်သက်လုံး အတူရှိနေမှာ.....

နှစ်ယောက်သား တက္ကစီတစ်စီးတားကာ တိချိုးဟယ်က ဆေးရုံလိပ်စာပြော၍ ဟောပိုင်က သူ့ဘေးနား ဝင်ထိုင်ကာ လက်ကို တင်းတင်းဆုပ်ထား၏။

" စိတ်မပူပါနဲ့"
စိတ်လှုပ်ရှားနေပုံရသော တိချိုးဟယ်ကို ဟောပိုင်က နှစ်သိမ့်ပေးနေသည်။ အခုအချိန်မှ တိချိုးဟယ်က ဘယ်လောက်တောင် စိတ်ပျော့တဲ့ ကလေးတစ်ယောက်ဆိုတာ သူ သေချာသိလိုက်ရသည်။ ဟောပိုင်လက်ကို ပြန်ဆုပ်ထားကာ သူ့ခေါင်းပေါ် မှီလာသည်။

" ကိုယ့်အဖေက ကျန်းမာရေး အရမ်းကောင်းတာ.. ပြီးတော့ အိမ်ကလှေကားဆိုတာကလဲ မတ်မတ်ကြီးမဟုတ်ဘူး.. ကိုယ်တို့ ထင်သလောက်တော့ မဆိုးနိုင်ပါဘူး.. အိမ်ထိန်းကလဲ ချင်းလီဘက်ကလူ မဟုတ်ဘူးလို့ ပြောလို့မရသေးဘူး.. အခုတော့ ထောင်ချောက်လို့ပဲ သဘောထားရအောင်.. အရမ်းမလောသေးဘူး"

" ထောင်ချောက်သာဆိုရင် ဆေးရုံလိပ်စာ အတိအကျ ပြောပါ့မလား"
ဟောပိုင်က ဝင်ပြောသည်။ ထို့နောက် ဖုန်းထုတ်ကာ ဆေးရုံလိပ်စာကို နှိပ်၍ ဖုန်းနံပါတ်ရှာလိုက်၏။
" တကယ်လို့ သူတို့ပြောတာအမှန်ဆိုရင် ခင်ဗျားအဖေက အခု အရေးပေါ်ဌာနမှာပဲ ရှိဦးမှာ.. ဖုန်းလှမ်းဆက်ပြီးတော့ ဦးနှောက်သွေးယိုတဲ့ လူနာရောက်လာလား မေးကြည့်လို့ရတာပဲ"

ဟောပိုင် သတိပေးတော့မှ တိချိုးဟယ်လဲ ဖုန်းထုတ်လိုက်ကာ ဖုန်းနံပါတ်တွေ တစ်ခုပြီးတစ်ခု ခေါ်ကြည့်တော့သည်။

ထို့နောက်တွင်တော့ သူ ခေါင်းအေးအေးထားကာ မီဒီယာများအား ချင်းမိသားစုကို စောင့်ကြည့်ဖို့ အကြောင်းကြားသည်။ Huangdu ၏ ရှေ့နေများ အထူးသဖြင့် တိဘီရန်ဘက်မှ ရှေ့နေများကို ခေါ်သည်။ နောက်တော့ Huangdu ၏ အကြီးအကဲများကို ခေါ်သည်။ ဖုန်းတစ်ခါဆက်ပြီးတိုင်း တိချိုးဟယ် ပို၍ တည်ငြိမ်လာပုံရပြီး သူ့စိတ်ထဲလဲ ကြည်လင်လာသည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now