Chapter 26- three in one part 4

4.6K 980 28
                                    

Unicode

တိဘီရန်မျက်နှာ မှုန်မှိုင်းသွား၏။ တိချိုးဟယ်ကို  ကျောပုတ်ပေးရင်း ဆိုဖာပေါ် ထိုင်လိုက်ကြကာ သက်ပြင်းချသည်။
" အဖေလဲ ဒီလောက်ကြီးဖြစ်လာမယ်မှန်း မထင်ထားခဲ့ဘူး.. အဲ့ဒီလိုဖြစ်စေနိုင်မယ့်လူကို အိမ်ခေါ်လာမိတာ အဖေ့အပြစ်တွေပါ.. တကယ်လို့ အထင်လွဲရုံသက်သက်ပဲဆို ကိစ္စမရှိဘူး... မဟုတ်ရင်တော့ ချိုးဟယ်... အ​ဖေ မင်းရဲ့ အကူအညီလိုတယ်.."

ချိုးဟယ်က ကြင်နာတတ်သည့် အဖေဟန်ဆောင်နေသော သူ့အဖေကို မော့ကြည့်ရင်း စိတ်ထဲမှ လှောင်ရယ်လိုက်ပေမဲ့ အပြင်ဘက်တွင်တော့ လေးစားသမှုနှင့် ကြည့်နေ၏။
" ပြောပါအဖေ... ကျွန်တော်ကူညီနိုင်တာမျိုးဆို အစွမ်းကုန် ကြိုးစားပါ့မယ်..."

တိဘီရန်က အားရဝမ်းသာနှင့် ကြည့်ရင်း သက်ပြင်းချသည်။
" မင်းက ကလေးဘဝထဲက ဉာဏ်ကောင်းခဲ့တာ...မင်းအမေလိုပဲ... အခု ဟွမ်ဒူမှာက ချင်လီ့ရဲ့ အမျိုးတွေ အတော်များနေပြီ.. မင်းပြောသလို အဖေလဲ ကူညီချင်ပေမဲ့ စိတ်ထင်တိုင်း လုပ်လို့မရတဲ့ အခြေအနေရောက်နေပြီ..ဒါပေမဲ့ အဖေ​ပြောလို့ရတာတစ်ခုက ဒါကိုကူညီပေးရင် သူတို့တွေအကုန်လုံးကို လက်စားချေနိုင်မှာ"

" ကျေးဇူးပါ အဖေ"
တိချိုးဟယ်က မျက်လုံးများရဲတက်လာရင်း ထပ်မေးလိုက်၏။
" ကျွန်တော့်ကို လာတွေ့တာ အန်တီချင် ဘာပြောလိုက်သေးလဲ... ဒါနဲ့ ကျွန်တော် အိမ်ကထွက်လာတုန်းက ချွန်းဟွာနေမကောင်းဖြစ်နေတာမလား.. သူရော သက်သာသွားပြီလား... ပြီးတော့ နိုင်ငံခြားမှာစာသွားသင်နေတဲ့ ရှားဆုန်းရော အဆင်ပြေရဲ့လား... ကျွန်တော့်ရဲ့ ကောလဟလတွေက သူတို့ကိုတော့ မထိခိုက်စေလောက်ပါဘူးနော်...."

တိဘီရန်က သူ့ကို မသက်မသာကြည့်သည်။
" ဒီကောင်လေး.... အခု ပြဿနာဖြစ်နေတာက မင်းလေ... အဲ့ဒါတောင်မှ သူတို့ကို တွေးပူနေရသေးလား... စိတ်မပူပါနဲ့ အဖေလာတွေ့တာ ဘယ်သူမှမသိဘူး.. ဒါနဲ့ ချိုးဟယ် .. မင်းတကယ်ပဲ မြို့ကနေ ထွက်သွားတော့မလား"

တိချိုးဟယ်က ခေါင်းညိတ်ကာ အားတင်း၍ ပြုံးလိုက်သည်။
" ဒါက အကောင်းဆုံးပဲအဖေ.. ကျွန်တော်က အဖေ့သားဆိုတဲ့ သတင်းက ပြန့်နေပြီ...အဲ့ဒီတော့ ကျွန်တော်နဲ့ပတ်သက်တဲ့ သတင်းတိုင်းက အဖေ့ကို ထိခိုက်နေတော့မှာ.. ပြီးတော့ ဟွမ်ဒူကိုရောပဲ.. အဲ့ဒါကို ကျွန်တော် မမြင်ချင်ဘူး.. ဦးလေးကျန်းက ဇာတ်ကားအသစ်တစ်ကားရိုက်မယ်တဲ့ ကျွန်တော့်ကို မင်းသားနေရာက ရွေးထားတယ် ရှိုးဝမ်နဲ့ ကျွန်တော်နဲ့ ဆက်ဆံရေးကရှိနေတော့ ကျွန်တော် ငြင်းလို့မရဘူး... အခုချိန်မှာ ဇာတ်ကားရိုက်ရင်း လူမြင်ကွင်းက ခဏပျောက်သွားတာ ပိုကောင်းမှာပါ"

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now